အပိုင်း - ၄၅
Triple update.
ခန်းမကြီးထဲ ဆူညံပွက်လောရိုက်သွားသည်။ တံခါးကို မည်သူ ပိတ်လိုက်မှန်း မသိလိုက်ရ။ လူအများစုမှာ တစ်ယောက်ကိုတစ်ယောက် သေချာမမြင်ရပါဘဲ တိုးဝှေ့ထိခိုက်ကုန်ကြ၏။
"အာ့!!! တက်မနင်းနဲ့လေ!!!"
"တံခါးဖွင့်ဦး!!! ကယ်ပါဦး!!!"
သွမ့်ယဲ့လင်က ထိုအသံများအား နားထောင်ေနကာ လူကျဲသောနေရာ၌ ပုန်းလျက် သေနတ်ကိုင်ထားရင်း နံရံတစ်လျှောက် ကပ်ပြီး လမ်းလျှောက်သွားသည်။ ထက်မြက်လှသော အကြားအာရုံမှာ ထိုဆူညံမှုများကြား သေနတ်မောင်းခလုတ် ဆွဲလိုက်သည့် အသံကိုပင် ကြားနိုင်ေစရာ သူ ကြမ်းပေါ် ဝပ်ချလိုကါသည်နှင့် မတူညီသော လားရာမှ ကျည်ဆံနှစ်တောင့်မှာ သူ ရပ်ခဲ့သောနေရာသို့ တည့်တည့်ထိမှန်သည်။
လူသတ်သမား တစ်ယောက်ထက် ပိုသည်ပင်။
သွမ့်ယဲ့လင် လုံးဝ မရပ်တန့်ရဲပါ။ လှေကားထစ်များပေါ် အမြန်ပြေးတက်ကာ တိုင်လုံးတစ်ခုနောက် ပုန်းလိုက်၏။ ထို့နောက် ကြမ်းပေါ်ဝပ်ကာ နားရွက်ကို ကြမ်းနှင့်ကပ်ပြီး ခြေသံများအား နားထောင်ကြည့်လိုက်သည်။
ထွက်ပြေးနေသော ရုတ်ရုတ်သဲသဲ ခြေသံများအပြင် လူအနည်းစု၏ ခြေသံကမူ ထူးထူးခြားခြား တည်ငြိမ်လွန်းသလိုပင်။ အနည်းဆုံးတော့ လူသတ်သမား သုံးယောက်ခန့် ရှိမည်။
သွမ့်ယဲ့လင် မတ်တတ်ရပ်လိုက်ကာ မျက်လုံးကို ဖြည်းနှေးစွာ ဖွင့်လိုက်၏။ သူ့မျက်လုံးများမှာ အမှောင်ထုထဲ နေသားကျနေပြီဖြစ်ကာ လူအရိပ်များအား ဝိုးတဝါး မြင်ရေစသည်။
အဝေးသို့ ထိတ်လန့်တကြားပြေးသွားသော လူများထဲမှ ကျကျန်ရစ်သည့် ဂျပန်အေပါ်ရုံအင်္ကျီကို တွေ့သောအခါ ၎င်းဆီ သွမ့်ယဲ့လင် ကောက်ယူခြုံလွှမ်းလိုက်သည်။ ထို့နောက် ပြန်တိုက်ခိုက်ရန် အခွင့်ကောင်းစောင့်နေ၏။
လူသတ်သမားများက သူ့ကို သတ်ဖို့ ရောက်လာကြသည်ပင်။ ထိုသူတို့မှာ သေနတ်လေးချက်သာ ပစ်ေဖာက်ရသေးကာ သုံးကြိမ်သုံးခါမှာ သူ့ခေါင်းကိုချည်း ချိန်ခဲ့သည်။ ထို့အပြင် ထိုသူတို့မှာ ဂျပန်လူမျိုး မဖြစ်နိုင်ပါ။ ဂျပန်များက သူတို့၏လေလံပွဲအား တိုက်ခိုက်ဖို့ထိ မရူးမိုက်ပါ။ ထို့အပြင် ဤလေလံပွဲကို လာရောက်ကာကွယ်ေပးဖို့ ခုရိုမီယခေးကိုဘက်မှ အမိန့်ပေးေနကြောင်း သူ ကြားလိုက်၏။
YOU ARE READING
ကြေးလှောင်ချိုင့်ထဲက ရွှေဆံထိုး
RomanceTotal chapters - 173 + 4 Extras Strong and possessive gong + Cold and indifferent shou China's Republican era (around 1911 - 1949)