အပိုင်း - ၆၀

799 170 10
                                    

အပိုင်း - ၆၀

Double update.

အတိ‌တ်နေ့ရက်များအကြောင်း ချုန်လင် ‌ပြန်အောက်မေ့လိုသော်ငြား အတော်လေး ဝေးလံလှ‌ေသာ အတိတ်ထိ သူ ပြန်အောက်မေ့မိသွားသည်။

ချုန်ဝေးနှင့် ချုန်လင်မှာ ကလေးသူခိုးများထံမှ အရာရှိချုပ် ဝယ်လာကြသော ကလေးများဖြစ်ကာ ထိုစဉ်တုန်းက ချုန်ဝေး အသက်ခြောက်နှစ်ဖြစ်၊ ချုန်လင်ကမယ အသက်ငါးနှစ်သာ ရှိသေး၏။

သူ မှတ်မိ‌ေနပါ‌ေသး၏။ ဘွားဘွားတစ်ယောက်က သူ့အား မုန့်ချိုချိုများ ဝယ်ကျွေးမည်ဟု သူ့အား ပြောပြလာရာ သူလည်း ထိုဘွားဘွားနောက်ကို လိုက်သွားသည်။ သို့သော် အတန်ကြာသည့်တိုင် သူ ပြန်မလာသဖြင့် အစ်မဖြစ်သူက သူ့ထံ လိုက်လာရာ နှစ်ယောက်စလုံး ဖမ်းဆီးခေါ်ဆောင်ခံလိုက်ရ၏။

အရာရှိချုပ်က သူတို့အား သွေးပြဒါးနီပျံလွှားဟု ခေါ်သော အဖွဲ့အစည်းထဲ ပစ်ထည့်ခဲ့ကာ ပထမရက်မှာပင် အပြင်းအထန် ရိုက်နှက်ကန်ကျောက်ရသဖြင့် လှုပ်ပင် မလှုပ်နိုင်ခဲ့။ ဤသည်မှာ သူတို့ပထမဆုံး သင်ယူရမည့် သင်ခန်းစာဖြစ်ကာ နာကျင်မှုနှင့် အသားကျရန် ဖြစ်ချေသည်။

သွေးတတောက်တောက် ကျဆင်းသော ဓားသွားများ၊  မိုးရေနှင့် မီးလျှံကြား အံကြိတ်ပြီး ရှင်သန်လာခဲ့သော နှစ်လများစွာ။ လူတစ်ယောက်ကို သူ ပထမဆုံးသတ်တုန်းက အသက်ရှစ်နှစ်အရွယ်သာ ရှိသေးကာ သတိကင်းမဲ့နေသော ထိုသေဒဏ်ကျအပြစ်သား၏ လည်တိုင်ကို သူ လှီးဖြတ်လိုက်သောအခါ သွေးများ ဒလဟော ပန်းထွက်လာသည်။ ထိုယောက်ျားက မြေပြင်ပေါ် လူးလိမ့်သွားကာ ထို့နောက်မှာတော့ ငြိမ်သက်သွား၏။

သူ အလွန်ကြောက်လန့်‌ေနသဖြင့် သေးပါချခဲ့ရာ ထိုအတွက် တစ်ညလုံး ဒူးထောက်ခြင်းဖြင့် အပြစ်ပေးခံခဲ့ရသည်။

ထိုစဉ်ကတည်းက သူ့ဘဝမှာ လူသတ်ခြင်းဖြင့် ကင်းကွာ၍ မရနိုင်‌ေတာ့ကြောင်း ချုန်လင် နားလည်သွားသည်။

အပြင်လူအနေနှင့် ကြည့်လျှင် ၊ ချုန်ဝေးနှင့်ချုန်လင်မှာ အရာရှိချုပ်၏ မွေးစားသမီးနှင့်မွေးစားသားဖြစ်၏။

ကြေးလှောင်ချိုင့်ထဲက ရွှေဆံထိုးWhere stories live. Discover now