မွေးဖွားလာပြီးနောက် ရခဲ့သည့် အမည်နာမက “ခင်ဇော်ဂျီ”တဲ့လေ။ဘာကြောင့် ဇော်ဂျီလဲလို့ အရပ်က ဝိုင်းမေးကြတော့ “ဦးနတ်လူ”ရဲ့ သမီးမလို့ နတ်မဟုတ်လူမဟုတ် “ဇော်ဂျီ”လို့ အမည်ပေးကြပါသည်တဲ့။မြေလျှိုမိုးပျံနိုင်သော အစွမ်းသတ္တိများပါရှိသော ပုဂ္ဂိုလ်ထူးကို ရည်ရွယ်ခဲ့သော်လည်း အမှန်တကယ် လူပြည်မှ “ခင်ဇော်ဂျီ”ကတော့ နတ်ပြည်တက်မရ လူပြည်ဆင်းမရ နားရွက်တစ်ဖက် ပြတ်နေသော ဇော်ကန့်လန့်သာဖြစ်နေခဲ့သည်။
အရပ်အပြောမှာတော့ တစ်ယောက်နဲ့တစ်ယောက်အလွန်ချစ်မြတ်နိုးကြသော အဖေနဲ့အမေဟာ ဇော်ဂျီကိုမွေးပြီးမှ ကွာရှင်းပြတ်ဆဲကြရသည်အထိဖြစ်ရတာကြောင့် မကောင်းသောဓာတ်တွေ စီးကူးနေသော သတ္တဝါလို့ ချီးမွမ်းကြသေးသည်တဲ့လေ။
၃နှစ်သမီးမှာ အဖေနဲ့ အမေကွာရှင်းကြသည်။အဖေကသူ့ဇာတိကိုပြန်သွား၍ အဝေးကသာ ထောက်ပံ့မှုပြုတော့သည်။အမေကတော့ ပွဲရုံကိုဦးစီးကာ သူကို ကောင်းကောင်းမွန်မွန် လူဖြစ်အောင်ကျွေးမွေးခဲ့သည်။
၁၃နှစ်အရွယ်မှာတော့ အမေမတော်တဆဖြစ်ခါ ဆုံးပါးသွားခဲ့သည်။ အရေးပေါ်ကုသရင်း ဆုံးပါးခဲ့ရတာကြောင့် ဆုံးတာကိုသိရချိန်မှာ ဇော်ဂျီကဆေးရုံးတွင်ဖြစ်သည်။လူနာလာကြည့်သော အရပ်ထဲမှ လူများက သူကို ချော့မော့၍ အငိုတိတ်အောင် ပြောပေးရမည်အစား မကောင်းသောသတ္တဝါလိုကြည့်ကာ အနားမကပ်ခဲ့ပေ။ခပ်လှမ်းလှမ်းကသာ အမေဆုံးပါးရတာ သူရဲ့မကောင်းသော ဓာတ်ခံကြောင့်ဟု သမုတ်ပြောဆိုနေကြသည်။
ဆေးရုံး ကော်ရစ်တာ ထိုင်ခုံပေါ်ထိုင်၍ တရှုံ့ရှံ့ငိုနေမိသည်။ စိတ်ထဲလည်း သူဟာမကောင်းတဲ့ ကလေးပါလို့ အတွေးတွေ ဝင်စပြုလာပါတော့သည်။
“ဟိတ်”
မော့ကြည့်လိုက်တော့ သူရှေ့မှာလာရပ်နေတဲ့ အဖြူရောင်ဂျူတီကုတ်နဲ့ ဆရာဝန်မမတစ်ယောက်။
“မမ…ထိုင်လို့ရလား”
“ဟုတ်”
“အရမ်းဝမ်းနည်းနေလား”
“အွန်း…..”ပြောရင်း မျက်ရည်များက ပိုကျလာသည်။အမေတစ်ယောက်ဆုံးရှုံးရသည့် ကလေးတစ်ယောက်ပေါ် ပြောဆိုနေကြသောသူများအကြား သူဘေးနားလာထိုင်ပေးသော သူမအပေါ်သာ ပိုပြီးအားကိုးချင်မိခဲ့သည်။
YOU ARE READING
ကြယ်ရောင်စုံညီ...လင်းသောကြောင့်(Complete)
Tiểu Thuyết Chungချစ်ခဲ့ဖူးတယ် ချစ်နေသေးတယ် ဆက်ချစ်နေဦးမယ့် "ကြည်ပြာရေစင်" နဲ့ သူအနားကို ရုတ်တရပ်ရောက်ရှိလာတဲ့ "ဒေါ်မြတ်နှင်းဆီ" ငယ်ဘဝဖြစ်ရပ်ဆိုးတစ်ခုမှာ ဆုံတွေ့ခဲ့ရတဲ့ "ခင်ဇော်ဂျီ"နဲ့ "ဒေါက်တာကောင်းကင်တိမ်ယော်"တို့ရဲ့ အရွယ်ရောက်ပြန်လည်တွေ့ဆုံမှု သရဲကြောက်တတ်တဲ့ "ရွ...