အပိုင်း(21)Uni

410 31 0
                                    

ဒေါ်သီတာရေစင်တစ်ယောက် အိမ်မှာမုန့်လုပ်စားတာကြောင့် မြတ်နှင်းဆီတို့အိမ်သို့ လာပို့ပေးခြင်းဖြစ်ပါသည်။

အပြင်ကအော်ခေါ်နေပေမဲ့ သီချင်းသံများကြောင့်လား မသိ အထဲမှတုန့်ပြန်သံမကြားရတာကြောင့် လှည့်ပြန်မလားလုပ်ချိန် ခြံတံခါးပွင့်နေ၍ ဝင်လာခဲ့ခြင်းဖြစ်သည်။

ခြံတံခါးနည်းတူ အိမ်တံခါးကလည်းပွင့်နေတာကြောင့် ဖွင့်လိုက်ရင်း

“ညီမမြတ်ရေ…တံခါးကြီးပွင့်နေလို့..ဝင်လာလိုက်တာ”

ပြောလိုက်ကာ ဖိနပ်ချွတ်နေရင်း မော့ကြည့်လိုက်တော့ သူမ၏သမီးဖြစ်သူ ကြည်ပြာရေစင်ပေါင်ပေါ်ထိုင်နေသော မြတ်နှင်းဆီကိုတွေ့သောကြောင့် ခေတ္တဆွံ့အသွားပြီးနောက်

“ဒါက….ဘာတွေဖြစ်နေကြတာလဲ”

“အမေ”

“အစ်မ”

ကြည်စင်နှင့် မြတ်နှင်းဆီလည်း ရုတ်တရပ်ထရပ်ကာ လူချင်းခွာလိုက်ကြသည်။

“ဘာတွေဖြစ်နေတာလဲလို့…မေးနေတယ်လေ”

“အမေ…စိတ်အေးအေးထားပါ…ကြည်စင်ရှင်းပြပါမယ်”

“မြတ်သေချာရှင်းပြပါမယ်..အစ်မ…ထိုင်..ထိုင်ပါဦးနော်”

ဒေါ်သီတာရေစင်လည်း အိမ်ထဲဝင်လာကာ စားပွဲပေါ်၌ ချိုင့်ကိုတင်လိုက်သည်။

“မရှင်းပြနဲ့…မြတ်..…အစ်မနောက်ကိုလာ”

“အမေ…ကြည်စင်ကိုခေါ်ရမှာလေ”

ဒေါ်သီတာရေစင်စကားကြောင့် ရှင်းပြရန် ကြံနေသူနှစ်ဦးမှာ ကြောင်သွားသည်။

“နင်အသာနေ…ကြည်ပြာရေစင်…မြတ်လာ…အစ်မနောက်ကိုလာ”

ပြောရင်း မြတ်နှင်းဆီလက်ကိုဆွဲ၍ သူနောက်မှာ ကာထားလိုက်သည်မို့ ကြည်စင်မှာလိုက်ဆွဲရင်း အဲနားမှာတင် လည်နေသည်။

“ညီမလေး…အစ်မကိုအမှန်အတိုင်းပြောစမ်း..ဘာမှမကြောက်နဲ့”

“ရှင်”

“ကြည်စင်..ညီမလေးကိုခြိမ်းခြောက်ထားတာလား”

“မဟုတ်…”

“အနိုင်ကျင့်ထားတာလား…တစ်ခုခုနဲ့အကျပ်ကိုင်ထားတာလား…”

ကြယ်ရောင်စုံညီ...လင်းသောကြောင့်(Complete)Where stories live. Discover now