အပိုင်း(14)Uni

1.5K 95 5
                                    

လင်းကိုကိုလေးတစ်ယောက် ကားပေါ်မှာထိုင်နေရတာ ညောင်းလာတာကြောင် အောက်ဆင်းကာ အညောင်းပြေအညာပြေ လမ်းလျှောက်နေလိုက်သည်။

အကြာကြီးမနေပါဘူးဆိုသော သူညီမသုံးယောက်ကခုထိထွက်မလာသေးပါ။

ထို့အချိန် ဖုန်းဝင်လာ၍ ကိုင်လိုက်သည်။

“ဟဲလို..ငွေစိုင်….အမြည်းအတွက်လား…အိမ်ကိုသွားလိုက်”

“……………………….”

“အမေက ငယ်လေးမွေးနေ့မို့ ….သူကိုယ်တိုင်ချက်ပေးမယ်တဲ့…”

“……………………….”

“ခုထိတော့ပေါ်မလာသေးဘူး….ပြန်လာရင်း….ဖုန်းဆက်လိုက်မယ်နော်”

“…………………………”

“ဟုတ်ကဲ့ပါဗျာ”

ဖုန်းချပြီးနောက် လမ်းပြန်လျှောက်နေစဉ်

“ဦးဦးလင်းကို”

အသံလာရာကိုကြည့်လိုက်တော့ ချစ်သက်မူပိုင်လေးကသူဆီပြေးလာတာကြောင့် ပွေ့ ၍ချီလိုက်သည်။

“မူပိုင်ပေါက်စလေး….ပွဲထဲမနေဘူးလား”

“ချစ်သက်လေး....အဲလိုကြီးမပြေးပါနဲ့ဆို”

အနားကိုရောက်လာသည့်သူမှာ ဟိုနေ့က သူလမ်းပြပေးခဲ့သော မိန်းကလေးဖြစ်နေသည်။

“ချော်လဲရင်…ဘယ်လိုလုပ်မလဲ”

“တီတီကလည်း….ဦးဦးလင်းကိုနဲ့ တွေ့လိုက်တာပျော်လို့ကို….ဦးဦး…ဒီနေ့မူပိုင်ပေါက်စမွေးနေ့”

“ဟာ…ဟုတ်လား…ကြိုသိရင်း…လက်ဆောင်ဝယ်လာပါတယ်ကွာ”

“နိုး…နိုး…နိုး….”

ပြောရင်းနှင့် လက်ချောင်းလေးကို ဘယ်ညာလှုပ်ပြသေးသည်။

“ကိတ်အကြီးကြီးခွဲမှာ…ဦးဦးလိုက်စားရမယ်”

“ချစ်သက်လေး……သူများကိုသွားပြီး…အနိုင်မကျင့်နဲ့လေ…ဆောရီးနော်…အစ်ကို”

မိန်းကလေးဘက်က အားနာဟန်နှင့်ပြောရင်း ချီထားတဲ့ ချစ်သက်မူပိုင်လေးကို သူဆီပြန်ခေါ်ရန်ပြုသည်။

“ရပါတယ်ဗျာ….ဒီပေါက်စက…
ဈေးပိုင်ကြီးနဲ့ ဈေးထဲလိုက်လိုက်လာပြီး…အနိုင်ကျင့်နေကျလေ…
တစ်ဈေးလုံးကို အပိုင်ကိုင်ထားတာ”

ကြယ်ရောင်စုံညီ...လင်းသောကြောင့်(Complete)Where stories live. Discover now