အပိုင်း(31) Zawgi

63 2 0
                                    

မနက်အစောထဲကထွက်လာခဲ့သောကားလေးသည် အရှိန်အဟုန်ဖြင့်မောင်းနှင့်နေသည်။

ကားထဲတွင်တော့ ကြည်စင်၊ရွှေတိုင်၊ငွေစိုင်နှင့် ကောင်းကင်တိမ်ယော်တို့ လေးယောက်ပါလာသည်။

ကားမောင်းသူကတော့ ငွေစိုင်ပင်။

မနက်စာ၊နေ့လည်စာကိုလည်း လမ်းမှာသာစားရသည်။

မြို့များတမြို့ပြီးတစ်မျိုး၊ရွာများတစ်ရွာပြီး တစ်ရွာဖြတ်သန်းပြီးနောက်မှ ခင်ဇော်ဂျီရဲ့ မွေးရပ်ဌာနေသို့ နီးကပ်လာသည်။

နီးကပ်လာတာနှင့်အမျှ သာယာပြီးလှပသော သဘာဝတရားကြီးနှင့် ပိုပြီးထိတွေ့လာရသည်။

စိမ်းစိုနေတဲ့ စိုက်ကွင်းများနှင့် သစ်ပင်များကလည်းလေနှင်ရာ စီးမျောက ယိမ်းနွဲ့နေသည်။

မြစ်ဘက်မှ တိုက်ခတ်လာသော လေနုအေးများကလည်း စိတ်ကိုပျော်ရွှင်စေသည်။

အလွန်ကိုသာယာသော အရပ်ဒေသဟု လေးယောက်လုံး အသိမှတ်ပြုကြသည်။

မြို့လေးသို့ စဝင်တော့ အိမ်ခြေများ အများကြီးမရှိတာကိုလည်းတွေ့ရသည်။

သူတို့ရောက်တော့ ညနေဆည်းဆာရောင်ခြည်တောင် အရောင်တောက်နေပါပြီ။

ငွေစိုင်က ကားလေးကို လမ်းဘေးထိုးရပ်ကာ ကျန်လူများနဲ့ စကားပြောရန်လှည့်လိုက်သည်။

“မြို့ထဲ..စဝင်ပြီ….ဘယ်လိုရှာကြမလဲ”

“မေးမြန်းပြီးသွားရမှာပေါ့…..အကုန်လိုက်မေးရမှာပဲ”

ကြည်စင်အဖြေကြောင့် ခေါင်းငြိမ့်လာကြသည်။

“ဇော့်….
နာမည်ကလည်း ခပ်ဆန်းဆန်းဆိုတော့…
နာမည်တူလူတူရှားလောက်မှာပဲ….
ရှာရလွယ်မှာပါ…
တစ်ယောက်မဟုတ်…တစ်ယောက်တော့ သိမှာပဲ”

ကောင်းကင်တိမ်ယော်အပြောကလည်း သဘာဝကျသည်မို့ လက်ခံကျပြန်သည်။

ရွှေတိုင်မှာ တုပ်တုပ်မလှုပ်။

“ဘာဖြစ်နေတာလဲ….ရွှေတိုင်…”

“ဘယ်သူကို…မေးရမလဲ…စဉ်းစားနေတာလေ”

“ဘာမှစဉ်းစားမနေနဲ့ ….ပထမဆုံးတွေ့တဲ့အိမ်…အရင်မေးမယ်…”

ကြယ်ရောင်စုံညီ...လင်းသောကြောင့်(Complete)Where stories live. Discover now