အပိုင်း(34)Uni

1.3K 100 13
                                    

ကုန်တိုက်၌ မမ လက်ဆွဲခေါ်ရာနောက် တကောက်ကောက်လိုက်ကာ အထုပ်များလက်ထဲ ဆွဲသယ်တဲ့အခါ ကြည်စင်တစ်ယောက် FMအတွက် ပစ္စည်းတွေဝယ်ရတာ ဘာကြောင့်သဘောကျသည်ကို နားလည်နိုင်လာပါသည်။

ရှေ့ကနေ ဝယ်သမျှ နောက်ကနေ မမောမပန်းနိုင်အောင် လိုက်ပြီး ဘာနဲ့လိုက်လဲ ရွေးပေးရတာက ပျော်စရာအလွန်ကောင်းပါသည်။

“ဇော်…
ဒီညအိပ်…ဝတ်စုံလေးကို….ကြည့်….
ချစ်စရာလေးနော်”

“အွန်း….မမနဲ့ဆို….ချစ်စရာလေးဖြစ်နေမှာ”

“ဆင်တူ…ဝတ်မယ်လေ…ဇော်”

“ဟင်…မဖြစ်ဘူးနော်….
ဇော်နဲ့…ပန်းရောင်ကြီးနဲ့…”

“ဒီမှာလေ…ဇော်ရဲ့….အခြားအရောင်တွေရှိသေးတယ်”

ညအိပ်ဝတ်စုံက ဝက်ဝံရုပ်လေးများနှင့်ပင် သူဒါမျိုးဝတ်ထားတာကို ကြည်စင်တို့ ရွှေတိုင်တို့မြင်သွားလို့ကတော့ ရယ်လို့ ဆုံးမည်မထင်ပါ။

“မမကလည်….ဇော်က”

“ဇော်ကလည်း…မမကဆင်တူ..ဝတ်ချင်တာကို”

မျက်နှာငယ်လေးလုပ်ပြတဲ့ ကောင်းကင်တိမ်ယော်ရဲ့ အပြုအမူကို ခင်ဇော်ဂျီ ကျော်လွှားနိုင်ခြင်းမရှိပါ။

“မမ…သဘော….”

“အိုခေ…”

သူအဖြေကို သိတာနဲ့ အထည်ပေါင်းစုံက သူခန္ဓာနှင့်တိုက်ကာ ဘယ်ဟာနဲ့လိုက်လဲ ရွေးခံရပါတော့သည်။

“ကောင်းကင်တိမ်ယော်….မဟုတ်လား”

“ဟုတ်ပါတယ်…ဒီက”

အဝတ်ရွေးနေစဉ် သူတို့နားကို အမျိုးသမီးတစ်ယောက်ရောက်လာသည်။

မမနှင့် အရွယ်တူ ပုံစံပင်။

“တို့…ပန်းသဇင်လေ…တိမ်ယော်ရယ်…
မေ့ပစ်လိုက်ပြီလား”

“ဟယ်…ပန်း….
ညည်းက…နိုင်ငံခြားသူကြီးဖြစ်နေတာကို…
တိမ်ယော်က…ဘယ်မှတ်မိမလဲ”

မမနှင့်အရင်ထဲက အသိမိတ်ဆွေဖြစ်ဟန်တူပါသည်။

ထို့ကြောင့် ဇော်ဂျီလည်း ဘေးမှာသာ ရွေးထားသော အထည်များကို စီနေလိုက်သည်။

ကြယ်ရောင်စုံညီ...လင်းသောကြောင့်(Complete)Where stories live. Discover now