အပိုင်း(22) Zawgi

72 1 0
                                    

“မောင်မိုးတိမ်ယံ..လာထိုင်..”

ဧည့်ခန်းမှာ ထိုင်နေတဲ့ ဒေါ်ခင်မျိုးမြင့်စံက အိမ်ထဲသို့ ဝင်လာသော မိုးတိမ်ယံနှင့် ကောင်းကင်တိမ်ယော်တို့အား ကြိုစောင့်နေခြင်းဖြစ်တာကြောင့် ချက်ချင်းပင်ထိုင်ရန်ပြောလိုက်သည်။

မိုးတိမ်ယံ နှင့် ကောင်းကင်တိမ်ယော်တို့နှစ်ဦးလည်း ဝင်ထိုင်လိုက်ကြပြီး

“ဒေါ်ဒေါ်…နေကောင်းပါတယ်နော်”

“ကောင်းပါတယ်ကွယ်..မင်းကော…ခရီးသွားရတာ..အဆင်ချောခဲ့ရဲ့လား”

“ဟုတ်ကဲ့..ဒေါ်ဒေါ်…အကုန်အဆင်ပြေနေပါတယ်ဗျ”

“သတင်းကောင်းတွေ..ကြားရတော့..စိတ်ချမ်းသာတယ်”

“ဟုတ်ကဲ့…ကျွန်တော်လည်း..တိမ်ယော်ဆီကနေ..ဒေါ်ဒေါ်ကတွေ့ချင်တယ်ဆိုတာနဲ့…
ခရီးရောက်ရောက်ချင်းပဲ..လာခဲ့လိုက်တာ”

“ဒေါ်ဒေါ်…လက်ထပ်ပွဲစီစဉ်ဖို့ပြောချင်တာ…မောင်မိုးတိမ်ယံ”

“ဟုတ်ကဲ့”

“မင်းတို့ချင်းဆိုရင်….ဘယ်ချိန်မှဆောင်ကျမှာလဲ…..ဒေါ်ဒေါ်..တွန်းပေးဖို့လိုမယ်ထင်လို့ပါ”

“ဟုတ်ကဲ့”

“အခုပဲ..အသက်တွေက ၃၅ကျော်ကုန်ပြီး…သားသမီးမြေးမြစ်တွေနဲ့နေနိုင်ဖို့ဆိုရင်…
လောဖို့လိုပြီလေ”

“ဟုတ်ကဲ့..ဒေါ်ဒေါ်”

“မောင်မိုးတိမ်ယံက တိမ်ယော်ကိုအလိုလိုက်လွန်းတယ်..သူဆောင်မဲ့အချိန်ကိုစောင့်နေရင်း …ဒေါ်ဒေါ်မြေးချီလိုက်ရမယ်မထင်ဘူး…”

“ဟုတ်ကဲ့”

“ဒေါ်ဒေါ်ကတော့….လောစေချင်ပြီ”

“ကျွန်တော်လည်း…လောချင်ပါတယ်..ဒေါ်ဒေါ်….
အခုက..ဆေးရုံးအုပ်ရာထူး…လက်ခံဖို့အတွက်….
အလုပ်လေးရှုပ်နေလို့ပါ”

“ဟုသလား”

“ဟုတ်ပါတယ်…ဒေါ်ဒေါ်….
လက်ခံပွဲပြီးတာနဲ့ လောလောလေးပြင်ဆင်ပါမယ်…ဒီနှစ်ကုန်..ဆောင်နိုင်အောင်ပေါ့”

“ဒေါ်ဒေါ်ကတော့ …ဝါမဝင်ခင်…ဖြစ်စေချင်တယ်”

“စောသထက်စောအောင်…ကျွန်တော်ကြိုးစားကြည့်ပါမယ်…ဒေါ်ဒေါ်”

ကြယ်ရောင်စုံညီ...လင်းသောကြောင့်(Complete)Where stories live. Discover now