ကြင်စင်တစ်ယောက် ဆေးရုံးတက်ရတဲ့ရက်တွေ၊ မင်္ဂလာဆောင်တဲ့ရက်တွေ၊ဒဏ်ရာကြောင့် နာရတဲ့ရက်တွေ၊ဇော်ဂျီဆီ လိုက်ရန်ယူသွားတဲ့ ခွင့်တွေပါ ပေါင်း၍ သူအဖွဲ့က သူကို အငြိုးထားခြင်းခံရလေသည်။
ချောချောလှလှမိန်းမကိုရအောင်ယူပြီး ခွင့်ရက်တွေအပြည့်နဲ့ နှပ်နေတယ်ဆိုပြီး အစည်းအဝေးမှာတောင် ဝိုင်းစကြတဲ့ အဖြစ်ပင်။
မိဘမဲ့ကျောင်းအလှူအပြီးမှာတော့ အလုပ်တွေတစ်ပုံကြီးကျလာပါတော့သည်။
နှစ်ပတ်တိတိ ခရီးထွက်ရပါသည်။Team Aက နှစ်ဖွဲ့ခွဲ့၍ ထွက်ရသည်။
ဘက်ဂျက် ပြည့်ပြည့်ဝဝဖြစ်လာတော့ လူသစ်များလည်း လက်ခံလာနိုင်တာကြောင့် ခွဲသွားရသော်လည်း ပြဿနာမရှိလှပါ။
သို့သော် ရွှေတိုင်နှင့်တော့ ခွဲသွားရသည်။
ကြည်စင်တို့အဖွဲ့က ၂ပတ်၊ ရွှေတိုင်တို့အဖွဲ့က ၁၀ရက်ခရီးဖြစ်သွားသည်။
မိုးဖွဲဖွဲ၊မိုးသည်းသည်း အခြေအနေများအကြား ရိုက်ကူးရသည်မှာ မလွယ်လှ။
တချို့ရက်များဆို အသည်းခိုက်အောင်အေးရသည်။
တစ်ရက်များဆို ဗွက်အိုင်ထဲ ကားဘီးနစ်သွားလို့ ဆင်းတွန်းကြရသည်မှာ တစ်ဖွဲ့လုံး မြေနီများဖြင့် နီရဲလို့ သွားဖြီးပြမှာသာ ဖြူသောနေရာမြင်ရလေသည်။
ကြုံနေကျ ကိစ္စများဖြစ်၍ ငိုအားထက် ရယ်အားသန်ကြရသည်သာ ရှိသည်။
အစစအရာရာ အဆင်မချောလှပေမဲ့ လုပ်ကိုင်နိုင်သေးသော်လည်း မနေတတ်သည်မှာ လွမ်းစိတ်ပင်။
အိမ်မှာချန်ခဲ့ရသော ချစ်ဇနီးချောကို အလွမ်းပိုလှသည်။
ဖုန်းလိုင်းများပင် သေချာမရသော နေရာကိုရောက်နေသည်မို့ အသံလေးပင်မကြားရ။
ကြားရတော့လည်း ခဏသာဖြစ်ပြန်သည်။
အလွမ်းဓာတ်က မပျယ်နိုင်ပါ တိုးကာတိုးကာ ရစ်လာသည်။
အလုပ်တာဝန်မို့သာ လုပ်နေရသည် စိတ်များက အချစ်ဆီသာရောက်နေသည်။
ကိုယ်ရေးကိုယ်တာနှင့် အလုပ်မရောထွေးတတ်သော ကြည်စင်တစ်ယောက် အခုတော့ ရောထွေးနေမိပါပြီ။

YOU ARE READING
ကြယ်ရောင်စုံညီ...လင်းသောကြောင့်(Complete)
Ficção Geralချစ်ခဲ့ဖူးတယ် ချစ်နေသေးတယ် ဆက်ချစ်နေဦးမယ့် "ကြည်ပြာရေစင်" နဲ့ သူအနားကို ရုတ်တရပ်ရောက်ရှိလာတဲ့ "ဒေါ်မြတ်နှင်းဆီ" ငယ်ဘဝဖြစ်ရပ်ဆိုးတစ်ခုမှာ ဆုံတွေ့ခဲ့ရတဲ့ "ခင်ဇော်ဂျီ"နဲ့ "ဒေါက်တာကောင်းကင်တိမ်ယော်"တို့ရဲ့ အရွယ်ရောက်ပြန်လည်တွေ့ဆုံမှု သရဲကြောက်တတ်တဲ့ "ရွ...