အပိုင်း(17)Uni

454 33 0
                                    

အစည်းအဝေးခန်းမထဲ၌ တိုးတီးတိုတီးပြောသံများဖြင့်ပြည့်နှက်နေသည်။

မနေ့ကမှ နှစ်ပတ်လည်ညစာစားပွဲပြီးတာကို နောက်တစ်နေ့မနက်အစောကြီး ဒါရိုက်တာတွေအစုံတက်ရောက်ရသော အစည်းအဝေးပွဲတစ်ခုဟာ မူမမှန်နေပါ။

ထို့အချိန် အခန်းတံခါးပွင့်လာပြီးနောက် မူပိုင်ရှင်နှင့် မြတ်နှင်းဆီတို့နှစ်ဦးဝင်လာတာကြောင့် အကုန်ငြိမ်သက်သွားရသည်။

မူပိုင်ရှင်က စားပွဲခုံရဲ့ CEOဟုနာမည်တပ်ထားသောထိပ်ဆုံးခုံမှာထိုင်ပြီး မြတ်နှင်းဆီကတော့ CFMဟုနာမည်တပ်ထားသော မူပိုင်ညာဘက်ထိပ်ဆုံးခုံမှာဝင်ထိုင်လိုက်လေသည်။

“အားလုံးပဲ…စောင့်လိုက်ရလား…မသိဘူး…အားနာပါတယ်….မူပိုင်တို့လည်း ဆွေးနွေးစရာလေးတွေရှိသေးလို့ ….နည်းနည်းလေး..
အချိန်ယူလိုက်ရပါတယ်”

မူပိုင်ရှင်ကပြောရင်း ဒါရိုက်တာများကိုနှုတ်ဆက်လိုက်သည်။

“ဝင့်ဝါ…မိတ္တူဆွဲထားတဲ့..ဖိုင်လေးတွေ..အားလုံးကိုဝေပေးလိုက်ပါ”

မြတ်နှင်းဆီပြောလိုက်တော့ သူမရဲ့ အတွင်းရေမှူးဖြစ်တဲ့ ဝင့်ဝါက စာဖိုင်များလိုက်ဝေပေးသည်။

“ဘာတွေကိစ္စကြီးနေလို့….ဒီလိုအရေးတကြီးလုပ်ရတာလဲ”

“စိတ်အေးအေးထားပါ….”မူပိုင်ကပြောလိုက်သည်။

ဒါရိုက်တာများက တစ်ယောက်နှင့်တစ်ယောက်ထင်မြင်ချက်များထိုင်ပြောနေကြသည်။

“မင်းခေါ်ထားတဲ့..လူသစ်က..
ကုမ္မဏီတစ်ခုရဲ့ လုပ်နည်းတွေကိုနားမလည်းဘူးထင်တယ်…မူပိုင်”

“အိုး….ကိုမင်းခေါင်ကကော…
လုပ်ငန်းရဲ့ အကြီးအကဲတစ်ယောက်ကို..
နာမည်တပ်ခေါ်သင့်…မခေါ်သင့်…မဝေခွဲတတ်ဘူးထင်ပါတယ်နော်”

မြတ်နှင်းဆီပြောလိုက်တော့ ဒါရိုက်တာအကြီးအကဲတစ်ဦးဖြစ်တဲ့ ဦးမင်းခေါင်က မကျေနပ်တဲ့အကြည့်ဖြင့်ကြည့်လာသည်။

“ဒီမှာ….ဒီလုပ်ငန်းကဘာလုပ်ငန်းလဲ…
ဘယ်လိုနောက်ကွယ်မှာလည်ပတ်လဲဆိုတာ…
မသိတဲ့..မင်းလိုမိန်းမတစ်ယောက်က…
ငါကို….ဘာတွေဆရာလုပ်နေတာလဲ”

ကြယ်ရောင်စုံညီ...လင်းသောကြောင့်(Complete)Where stories live. Discover now