အပိုင်း(20)Uni

1.5K 93 5
                                    

“မြူးကြွတဲ့တေးသံ …ပျံ့လွင့်လို့နေ….
ကူးပြောင်းစ…တန်ခူးလေမှာ…
တစ်ယောက်..တစ်လှည့်မို့လှမ်းကာ..
ဖြန်းပတ်ကြစဉ်…
ပိတောက်ဖူးလေးတွေ ..ပန်ဆင်ထားသူရေ
ခေါင်းကလေးမော့လို့..
ပိတောက်ဖူးလေးတွေ..ပန်ဆင်ထားသူရေ”

သင်္ကြန်မိုးသီချင်းလေးက နေရာအနှံ့အပြား ပျံ့လွင့်ကာ သင်္ကြန်ရနံ့များ သင်းပျံ့နေပါသည်။

ပူအိုက်တဲ့နွေကို သက်သာလိုသက်သာညား လူ့အမောတွေကိုဖြေသိမ့်နိုင်ဖို့အတွက် သင်္ကြန်ဟာမျက်စိရှေ့မှောက်ရောက်ရှိလာပါတော့သည်။

ရပ်ကွက်အတွင်း အကြိုနေ့ရောက်ရန် ၁ပတ်လောက်အလိုထဲက သင်္ကြန်မဏ္ဍဍ်များ ပြင်ဆင်နေခဲ့ကြပြီး လူကြီးလူငယ်မရွေး တက်ကြွစွာစောင့်မျှော်နေကြခြင်းလည်းဖြစ်ပါသည်။

ရေကစားရန် အားသန်သူများနှင့် စတုဒီသာကျွေးမွေးရန် အားသန်သူများအကြား ကြည်စင်တို့အုပ်စုမှာ ရေကစားရင်းစတုဒီသာလိုက်စားရန် အားသန်ကြသူများဖြစ်ပါသည်။

နှစ်တိုင်း အုပ်စုလိုက် ခြေလျင်လျှောက်ကာ တစ်မြို့လုံးနီးပါးပတ်စားတတ်သည်။ကိုကိုတော့မပါ။

သူကဈေးအဖွဲ့ရဲ့ စတုဒီသာမှာ တတ်သိပညာမနေသာ ဝင်ရှုပ်တတ်သူဖြစ်ပါသည်။

“သေချာလား…ရေလယ်တိုင်..မလိုက်ချင်တာ”

“အေးနော်…မူမမှန်နေဘူး”

“အေးလေ…ငါတောင်..မြတ်ကိုထားပြီး…နင်တို့နဲ့လည်မလို့လာတာကို”

ညထဲကတိုင်ပင်ထားကြပြီး သွားခါနီးအချိန်မှာမှ ရွှေလည်တိုင်တစ်ယောက် ရေမထိချင်တော့ဘူးဆို၍ ကျန်သူများက အမျိုးသမီးကိစ္စဖြစ်သလားထင်ခဲ့ပါသေးသည်။

သို့သော် မဟုတ်နေပဲ။

သူကိုယ်တိုင်လည်း ဘာလို့မသွားချင်တော့မှန်းမသိဘူးဆိုတာကြောင့် ကျန်လူများ စဉ်းစားရကြပ်လှသည်။

ပုံမှန်ဆိုရှေ့ဆုံးက တက်ကြွနေသော မျောက်လောင်းက အလွန်ပင် ငြင်းဆန်နေပါသည်။

“တဂယ်….ဘာဖြစ်လို့မှန်း..မသိပါဘူးဆို….
အပြင်မသွားချင်တာပါဆို…
မနက်ဖြန်မှလိုက်မယ်…ဒီနေ့သွားတော့”

ကြယ်ရောင်စုံညီ...လင်းသောကြောင့်(Complete)Where stories live. Discover now