အပိုင်း(28)Uni

443 34 10
                                    

“ဟယ်….ဘော့စ်….ထူးထူးဆန်းဆန်း…အလုပ်ရောက်နေတယ်”

နေ့လည်စာစားချိန် ကန်တင်း၌ ထမင်းထိုင်စားနေသော မူပိုင်ရှင်ကိုတွေ့၍ ရွှေလည်တိုင်တစ်ယောက် အနားသို့သွားကာ ခေါ်လိုက်သည်။

“မသိရင်ပဲ….ဘောစ့်က…
အလုပ်မလုပ်ပဲနေတဲ့သူကျနေတာပဲ…ရေလယ်တိုင်ရယ်”

“အဟွတ်….အဟွတ်…အဟွတ်”

ရွှေတိုင်ဘေးနားတွင်ပါလာသော ခင်ဇော်ဂျီစကားကြောင့် မူပိုင်ရှင်မှာ ထမင်းသီးပါတော့သည်။

“ဘောစ့်…ရေသောက်ရေသောက်”

နှစ်ယောက်သား မူပိုင်ရှင်ကိုရေခွက်ပေးပြီးတော့ ရှေ့ကလွတ်နေသော နေရာ၌ ဝင်ထိုင်လိုက်သည်။

“အဆင်ပြေရဲ့လား…ဘောစ့်…”

“ပြေ…ပြေပါတယ်….အရှိုက်ထိသွားလို့ပါ”

ဇော်ဂျီစကားကို မူပိုင်ကပြန်ပြောလိုက်သည်။

“တဂယ်ထူးဆန်းလို့ပါ…ဇော်ဂျီကြီးရယ်”

“မထူးဆန်းပါနဲ့…
အစ်မမြတ်က …ခွင့်ယူထားလို့….
အလုပ်လာကြိုးစားရတာပါ……
ဇော်ဂျီတို့ရော…တွေ့သေးလား…
အဆင်ပြေနေရဲ့လား…ကြင်စဦးတွေ”

“မတွေ့ပါဘူး…တစ်ပတ်လုံး…
အိမ်ထဲကမထွက်လာဘူး….
အန်တီသီတာတောင်….
ထမင်းချိုင့်..ပို့ချိန်ပဲတွေ့ရတယ်တဲ့”

“ဟင်”

ဇော်ဂျီစကားကြောင့် မူပိုင်မှာ မျက်လုံးများပြူးသွားသည်။

“မဟင်နဲ့….တစ်ရပ်ကွက်လုံးလည်း…ကြည်စင်ကိုပြောနေပြီ….မိန်းမကို…ချစ်တတ်လိုက်တာတဲ့”

“အဲလောက်ကြီးကျတော့”

“ဘောစ့်ရဲ့…ခံစားချက်ကို…ဇော်ဂျီတို့လည်း…အပြည့်အဝနားလည်ပါတယ်”

“ဟုတ်တယ်…ဘောစ့်ရဲ့…ရွှေတိုင်တို့…လက်ဖက်ရည်ဆိုင်ထိုင်ဖို့…ဖုန်းဆက်တာတောင်…မကိုင်ဘူး”

မူပိုင်တစ်ယောက် ဘာမှတောင် ပြန်မပြောနိုင်ပဲ ငြိမ်သက်စွာ ထမင်းဆက်စားနေရပါတော့သည်။

စားသောက်ပြီးနောက် ဇော်ဂျီတစ်ယောက် ရွှေတိုင်နှင့် ရုံးခန်းရှေ့တွင် လမ်းခွဲကာ သူနေရာသို့ပြန်လာခဲ့သည်။

ကြယ်ရောင်စုံညီ...လင်းသောကြောင့်(Complete)Where stories live. Discover now