“အချစ်”
“ရှင့်”
“ကလေးလိုချင်လား…ဟင်”
ရုံးပိတ်ရက် အပြင်သွားရန် ပြင်ဆင်နေသော မြတ်နှင်းဆီကို မေးလိုက်တဲ့ ကြည်ပြာရေစင်ရဲ့ အမေးစကားပင်။
မြတ်နှင်းဆီအပြင်သွားရာ၌ ကြည်စင်မပါပါ။
ထို့ကြောင့် မကျေမချမ်းအသံဖြင့် မေးမြန်းခြင်းဖြစ်ပါသည်။
“အဲလိုကြီး….ဆူပုပ်မနေပဲ…
တို့နဲ့လိုက်ခဲ့ပါလား…ကလေးငယ်ရယ်…..
ချစ်သက်လေးလည်း….
မင်းပါရင်…ပျော်မှာကို”“အဲလိုနေရာတွေ….ကြည်စင်မကြိုက်ပါဘူး…
လူတွေကများ…နားတွေကညီး….
ခေါင်းကိုက်ရတယ်”ပိတ်ရက် ကစားကွင်းလိုက်ပို့ရန် ပူဆာသော ချစ်သက်မူပိုင်ကြောင့် အမေတွေကော မြတ်နှင်းဆီပါ အငြိမ်မနေရပါ။
အကုန်လိုက်ရမည်ဖြစ်သည်။ချွင်းချက်အနေဖြင့် လှရည်သောင်းကိုတော့ မူပိုင်ပေါက်စက ဖယ်ထားသည်။
လူရှုပ်လူများသော နေရာများနှင့် ဓာတ်မတည့်သော ကြည်ပြာရေစင်ကတော့ လိုက်ရန်ငြင်းဆိုသည်မို့ မြတ်နှင်းဆီမှာ ချန်ထားခဲ့ရသည်။
မနေ့ညကတော့ သွားပါဆိုပြီး ယခုတော့ ကလေးငယ်ဟာ စိတ်ကောက်ရန် ဟန်ပြင်ပါသည်။
“ဒါဆိုလည်း….ဆူပုပ်မနေနဲ့လေ…ရေပြာ…
တို့သွားရ…စိတ်မကောင်းဖြစ်အောင်”“ကြည်စင်မေးတာ…ဖြေဦးလေ…အချစ်”
“ဘာကိုလဲကွယ်….
ပြန်မေးပါဦး…တို့ဖြေပါမယ်”“ကလေးလိုချင်လားလို့…မွေးကြမလား”
“မင်းက….ကလေးလိုချင်လို့လာ…ရေပြာ”
“ဟင်အင်း….ကလေးမချစ်ဘူး”
“ဒါဆို…ဘာလို့မွေးမှာတုံး…ကလေးငယ်ရဲ့”
“အချစ်က….မူပိုင်ပေါက်စနဲ့တွေ့ဖို့ဆို…
အရမ်းစိတ်လှုပ်ရှားပြီး….
ပျော်နေလို့လေ….
ကိုယ်ပိုင်ကလေးမွေးရင်…
အချစ်က…ကြည်စင်အနားပဲ….ကပ်မလားလို့”“အော်ဟော်…..အဲခါကျလည်း…
မင်းလေးက…ကိုယ့်ကလေးနဲ့ကိုယ်….
အူတိုဦးမှာပဲလေ”
![](https://img.wattpad.com/cover/378456907-288-k436826.jpg)
YOU ARE READING
ကြယ်ရောင်စုံညီ...လင်းသောကြောင့်(Complete)
Tiểu Thuyết Chungချစ်ခဲ့ဖူးတယ် ချစ်နေသေးတယ် ဆက်ချစ်နေဦးမယ့် "ကြည်ပြာရေစင်" နဲ့ သူအနားကို ရုတ်တရပ်ရောက်ရှိလာတဲ့ "ဒေါ်မြတ်နှင်းဆီ" ငယ်ဘဝဖြစ်ရပ်ဆိုးတစ်ခုမှာ ဆုံတွေ့ခဲ့ရတဲ့ "ခင်ဇော်ဂျီ"နဲ့ "ဒေါက်တာကောင်းကင်တိမ်ယော်"တို့ရဲ့ အရွယ်ရောက်ပြန်လည်တွေ့ဆုံမှု သရဲကြောက်တတ်တဲ့ "ရွ...