အပိုင်း(7)Uni

1.4K 100 1
                                    

ညနေစောင်းရောက်သည်တိုင် ကားကတောင်ကုန်းပေါ်ရောက်မလာသေးပဲ နေဝင်ဖို့တောင် နီးလာပြီဖြစ်သည်။

အခန်းခွဲခြင်းကိုတော့ ရွှေတိုင် လက်ထောက်ဖြစ်တဲ့ မွန်မြတ်ကိုသာ တာဝန်ပေးထားကြသည်။

အောက်ထပ်အခန်းများက အမျိုးသာများအတွက်ဖြစ်ပြီး အပေါ်ထပ်အခန်းများကတော့ မိန်းကလေးများကိုခွဲပေးလိမ့်မည်။ကြည်စင်အခန်းဖော်ကတော့ ရွှေတိုင်မဟုတ်ရင် ဇော်ဂျီဖြစ်ပါလိမ့်မည်။

ထို့ကြောင့် အောက်ထပ်အလယ်တွင်ရှိသော ဆိုဖာပေါ်၌ လက်တော့ဖွင့်ကာ အလုပ်ဆက်လုပ်နေလိုက်သေးသည်။

၆နာရီထိုးချိန်မှာတော့ ပုစွန်ဆီရောင်သန်းသော နေရိပ်အနည်းငယ်သာကျန်ရှိပါတော့သည်။

ထို့နောက် လုပ်လက်စအလုပ်များလက်စသပ်ကာ မွန်မြတ်ဆီသွား၍ အခန်းနေရာမေးရတော့သည်။အချို့မိန်းကလေးများက ရေအရင်ချိုးနေပြီဖြစ်ကာ အစားအသောက်ပိုင်းတာဝန်ကျသူများက ချက်ပြုတ်ပြင်ဆင်နေကြသည်။

“မွန်မြတ်…ကြည်စင်အခန်းဘယ်နားလဲ”

“အစ်မကြည်စင်အခန်းက လှေကားဘယ်ဘက် ထောင့်ဆုံးအခန်း ဝရံတာနဲ့”

“အမယ်..ရွှေတိုင်ဘာတွေနဲ့လာဖားသွားတာတုံး..အခန်းကောင်းရအောင်”

“မဟုတ်တာ ..အစ်မကလဲ…ရေချိုးလိုက်တော့နော်…ကားရောက်လာရင်…ကိုဝေကြီးတို့ ချိုးအလှည့်တဲ့…စောနကလာအော်သွားတယ်”

“အောက်ပြန်ဆင်းသွားပြီလား”

“ဟုတ်တယ်…ဒီတစ်ခါတော့ ကားနဲ့အတူပြန်တက်လာမယ်လို့ ..ကြုံဝါးသွားတယ်”

“မောင်မင်းကြီးသားတွေ..ကံကောင်းပါစေကွယ်”
မေဆွိအသံနဲ့ ကြည်စင်ကပြောတော့ အနားကလူများ ရယ်ပွဲကျသွားသည်။

ထို့နောက် လက်တော့ယူကာ လှေကားပေါ်တက်လာလိုက်သည်။အထုပ်များကတော့အောက်တွင်မတွေ့တော့တာကြောင့် နေရာချပြီးထဲက အခန်းထဲရောက်သွားပြီဖြစ်လိမ့်မည်။

ထောင့်ဆုံးခန်းတံခါးဖွင့်လိုက်တော့ ဝရံတာဘက်ခြမ်းတံခါးဖွင့်ထားတာမို့ အခန်းအဖြူ၌ ပုစွန်ဆီရောင်လေးသန်းနေသည်။အခန်းတံခါးနှင့် ဝရံတာတံခါးမှာ မျက်နှာချင်းဆိုင်ဖြစ်ပြီး အဝင်တံခါးဘယ်ခြမ်းနံရံ၌ ကုတင်တစ်လုံးကပ်ထားပြီး ဝရံတာဘယ်ဘက်ခြမ်းနံရံမှာတော့ နောက်တစ်လုံးဖြစ်သည်။

ကြယ်ရောင်စုံညီ...လင်းသောကြောင့်(Complete)Where stories live. Discover now