"ဇော်ဂျီရေ....ဖေ့.....ဇော်ဂျီကြီးရေ...ဝေ...ဇော်ဂျီလေးရေ"
အိမ်ရှေ့ကနေ အသံသေးအသံကြောင်နဲ့ အော်ဟစ်နေတဲ့ အသံကြောင့် အရှေ့ကိုပြေးထွက်လာတော့
လက်ထဲမှာ သစ်ကိုင်းကြီးကိုင်ပြီး ခြံရှေ့ရပ်နေတဲ့ ရွှေတိုင်ကိုတွေ့ရသည်။"အလှူခံလာသလိုပဲ...ဘာလို့အဲလောက်အော်ဟစ်နေတာလဲ"
ရွှေတိုင်ကိုပြောနေပေမဲ့ ဇော်ဂျီသည်လည်း အသံဗြဲနဲ့ အော်နေတာပါပဲ။ဇော်ဂျီကပင် ခြံဝကိုရောက်လာရသည်။လက်ထဲက အကိုင်းကြီးသယ်ရင်း ရွှေတိုင်ကအထဲရောက်မလာပါ။
"ဒန့်သလွန်ရွက် ဟင်းရည်လုပ်တိုက်ပါလား"
ပြောရင်း လက်ထဲက သစ်ကိုင်းကြီးကိုမြှောက်ပြသေးသည်။"ဘာကိစ္စနဲ့ လုပ်တိုက်ရမှာလဲ"
"ဒန့်သလွန်ရွက် ဟင်းရည်သောက်ပေးရင် အရပ်ရှည်တယ်တဲ့ ဇော်ဂျီရ"
ဇော်ဂျီလည်းခေါင်းကိုကုပ်ကာ
"ဘယ်သူက အချွန်နဲ့ မလိုက်ပြန်တာလဲဟာ"
"ဈေးထဲမှာလေ...သမီးလေး...ဒန်သလွန်ရွက်ပြုတ်သောက်ပေး...အရပ်ရှည်တယ်တဲ့...အာနဲ့ဝယ်လာတာ"
"နင်ဟာကလည်း အကိုရေ....တမာရွတ်ပြုတ်သောက်ပေးရတယ်တဲ့..ထက်ဆိုးနေပြီး..
ပြီးတော့..
နေပါဦး...အရွက်နုလေးတွေပြုတ်သောက်ရတာကို....အဲကိုင်းကြီးဘာလို့ဝယ်လာတာတုံး""ဟင်...ဒါနဲ့မရဘူးလား...ဒီမှာအရွက်ပါတယ်လေ"
"အဲလောက်ရင့်ထော်နေတာကို...
တောင်းပန်ပါတယ်....ရေလယ်တိုင်ရယ်..ဈေးနားကိုမသွားပါနဲ့..
သွားလိုက်တိုင်းလည်း..ပေါက်ကရအသယ်တွေနားက....
တွေ့ရာတွေမဝယ်လာပါနဲ့...တောင်းပန်ပါတယ်ဟာ"
ဟုပြောရင်း လက်နှစ်ဖက်ကပ်ကာ တောင်းပန်ရှာသေးသည်။"ဈေးကူသွားပေးတာကို.."
နှုတ်ခမ်းကြီးဆူကာ ပြောနေတဲ့ ...ရွှေတိုင်ကြောင့် ရယ်ရခက် ငိုရခက်ပင်။"ရပါတယ်...ဈေးကငွေစိုင်ကိုသွားခိုင်းထားတယ်"
"ဘာလို့လဲ"
"ဟိုတစ်ခါပြောထားတယ်မလား...တစ်ဝိုင်းပေးမယ်လို့...ဒီညဝိုင်းပေးမလို့"
"တဂယ်လား"
![](https://img.wattpad.com/cover/378456907-288-k436826.jpg)
YOU ARE READING
ကြယ်ရောင်စုံညီ...လင်းသောကြောင့်(Complete)
General Fictionချစ်ခဲ့ဖူးတယ် ချစ်နေသေးတယ် ဆက်ချစ်နေဦးမယ့် "ကြည်ပြာရေစင်" နဲ့ သူအနားကို ရုတ်တရပ်ရောက်ရှိလာတဲ့ "ဒေါ်မြတ်နှင်းဆီ" ငယ်ဘဝဖြစ်ရပ်ဆိုးတစ်ခုမှာ ဆုံတွေ့ခဲ့ရတဲ့ "ခင်ဇော်ဂျီ"နဲ့ "ဒေါက်တာကောင်းကင်တိမ်ယော်"တို့ရဲ့ အရွယ်ရောက်ပြန်လည်တွေ့ဆုံမှု သရဲကြောက်တတ်တဲ့ "ရွ...