အပိုင်း(18)Uni

1.4K 96 3
                                    

ဒီနေ့တော့ ခင်ဇော်ဂျီတစ်ယောက် ဒေါက်တာကောင်းကင်တိမ်ယော်ကို ထမင်းဖိတ်ကျွေးရန်စီစဉ်ထားတာကြောင့် မနက်ထဲက အစောကြီးထကာ ပြင်ဆင်ချက်ပြုတ်နေခဲ့သည်။

ချက်ပြုတ်ပြီးစီးပြီးနောက် ရေမိုးချိုးကာ ကောင်းကင်တိမ်ယော်ကို ဆေးရုံးမှသွားကြိုပြီးပြန်လာခဲ့သည်။

ပြန်လာတော့ နေ့တစ်ပိုင်းနီးပါးရှိနေပါပြီ။ကားရပ်လိုက်တော့ အိမ်အတက်လှေကား၌ ထိုင်နေတဲ့ အမြွှာနှစ်ကောင်က ထလာပြီ ခြံတံခါးလာဖွင့်ပေးသည်။

သူလည်းကားပေါ်ကဆင်း၍ မမဘက်ခြမ်း တံခါးကို ဖွင့်ပေးလိုက်တော့ အိန္ဒြေကြီးစွာဖြင့် ဆင်းလာသော သူ၏ဒေါက်တာမမ လှလှလေးကိုငေးကြည့်နေမိသည်။

ထို့အချိန်

“..အစ်မကင်းကောင်…”

“ဂေါ်ဇီလာပါဟ….ရွှေတိုင်ရ”

“ဟိုနှစ်ကောင်”

ခါးထောက်ကာ ဇော်ဂျီကြည့်လိုက်တော့

“ဟဲဟဲဟဲဟဲ….စတာပါ…ဇော်ဂျီကြီးရ”

“အစ်မကိုထွက်စောင့်နေကြတာလား”

“ဟုတ်ပါဘူး…အိမ်ထဲမှာ…အနံ့တွေက…မွှေးနေတော့…ဗိုက်ဆာလို့..အပြင်ထွက်ထိုင်နေတာ….”

ရွှေတိုင်က ပြောလိုက်တော့ ကောင်းကင်တိမ်ယော်က အနည်းငယ် ပြုံးရယ်မိသွားသည်။

“လာလေ…ဒေါက်တာဝင်ရအောင်”

ငွေစိုင်က ဦးဆောင်ပြီး အိမ်ထဲဝင်သွားသည်။

ဧည့်ခန်းမှာ ထိုင်ကြပြီးနောက် အိမ်လေးကို ကောင်းကင်က သေချာလေးဝေ့ကြည့်နေမိသည်။

“အိမ်လေးက ချစ်စရာလေးပဲ…အပြင်ထက်အတွင်းက ပိုချစ်ဖို့ကောင်းတယ်နော်”

“ဟုလို့လား…မမရဲ့…”

“ဟုတယ်….ဇော်ရဲ့…အလင်းလည်း…ကောင်းကောင်းလေးဝင်တယ်….အရောင်လေးတွေလည်းလှတယ်”

“အဲတာ ဇော်ဂျီပဲ သန့်ရှင်းရေးလုပ်ထားတာလေ”

“ငါလည်းလုပ်ပါတယ်…ရွှေတိုင်ရ”

“ဟဲဟဲ..ဟုတ်တယ်…ရွှေတိုင်ပဲမလုပ်တာ”

ကောင်းကင်တိမ်ယောက်ကသူတို့အကြား ပြုံးပျော်နေလေသည်။

ကြယ်ရောင်စုံညီ...လင်းသောကြောင့်(Complete)Where stories live. Discover now