အပိုင်း(2)Uni

639 38 0
                                    

ကြည်စင် အတွေးနယ်ထဲ လက်ပစ်ကူးခြင်းကို ရပ်တန့်လိုက်တော့ အချိန်က ၈နာရီ ၄၅မိနစ်သို့ ရောက်နေပြီဖြစ်သည်။

တာဝန်များက ရှိနေသေးသည်မို့ ထကာ ရေချိုးခန်းထဲ ဝင်လိုက်သည်။ခန္ဓာကိုယ်ပေါ် ရေအေးများကျလာတော့ လူဟာလန်းဆန်းလာသလိုခံစားရပြီးတစ်ဆက်တည်း ခေါင်းပါတစ်ခါထဲ လျှော်လိုက်သောကြောင့် စံပယ်ပန်းနံ့များက အနံ့ခံအာရုံကို ဖမ်းစားသွားသည်။

အချိန်ဆွဲနေခြင်း မရှိသောကြောင့် ရေချိုးခြင်းက မြန်ဆန်သည်။ ရုံးသည် မြို့ထဲတွင်သာဖြစ်သော်လည်း လမ်းရှုပ်လမ်းပိတ်ခြင်းကြောင့် နာရီဝက်ကျော်ကြာအောင် အချိန်ယူတတ်သည်။

ရေသုတ်ပုဝါနဲ့ ခေါင်းကိုကြမ်းကြမ်းလေး ပွတ်တိုက်ကာ ရေခြောက်စေသည်။အစိုဓာတ်ကတော့ ကျန်မြဲဖြစ်သည်။ဂျယ်လ်ကိုသုံး၍ ဆံသားမွှေးများအားလုံးကို နောက်သို့ အကုန်သိမ်းကာလှန်းတင်လိုက်သည်။သိုသိုသိပ်သိပ်နဲ့ ကျစ်ကျစ်လစ်လစ်ဖြစ်သွားသည်။

ရှပ်အကျီအပွအပြာရောင်တစ်ထည်ကို အဖြူရောင်စတိုင်ပန့်နဲ့တွဲဝတ်လိုက်ပြီးနောက် ကာကီရောင်ခါးပတ်နဲ့တွဲစပ်လိုက်တော့ old money girl styleကပေါ်လာသည်။

အပေါ်ထပ်ကုတ်အကျီကိုတော့ ဘေးတစောင်းလွယ်အိတ်ကို လွယ်ပြီးမှသေချာ တင်ချိတ်ထားလိုက်သည်။ဇော်ဂျီရဲ့ စာအုပ်ကိုလဲ မဖြစ်မနေယူလာခဲ့ပါသည်။

မျက်မှန်ကို လည်၌ချိတ်ဆွဲပြီးနောက် အောက်ဆင်း၍ ရှုးဖိနပ် အဖြူရောင်လေးကို ဝတ်လိုက်သည်။ဆိုင်ကယ်ဦးထုပ်စောင်းရတာ မကြိုက်သဖြင့် လက်ကိုင်မှာချိတ်ထားသည်။ထို့နောက်တော့ ဆိုင်ကယ်မောင်းကာထွက်လာခဲ့တော့သည်။

ရပ်ကွက်ကိုကျော်လျှင် မြို့ဈေးကိုအရင်ရောက်သည်။ဈေးကြီးလမ်းဖြစ်၍ လမ်းသွားလမ်းလာများဖြင့် ပြည့်နှက်နေသည်။ဈေးကိုကျော်သွားမှသာ လမ်းကြောင်းပေါ် ကောင်းကောင်းရောက်သည်။

လေပြေများက မျက်နှာကို တိုက်ခတ်လာသည်။တိမ်ဖြူများက တရွေ့ရွေ့ ကျော်ဖြတ်သွားကြကာ ကောင်းကင်ပြာကြီးနဲ့ လိုက်ဖက်နေတော့သည်။

ကြယ်ရောင်စုံညီ...လင်းသောကြောင့်(Complete)Where stories live. Discover now