အပိုင်း(26) Zawgi

185 3 0
                                    

“ဘာလို့…အဲလောက်လှသလဲ”

ကြည်စင်တစ်ယောက် သူ့လက်မောင်းပေါ် အိပ်စက်နေသော မြတ်နှင်းဆီရဲ့ မျက်နှာပေါ်ဝဲကျနေတဲ့ ဆံပင်များကို ထိတွေ့ရင်း ဖယ်လိုက်သည်။

မနက်မိုးလင်း မျက်လုံးဖွင့်လိုက်ရတာနဲ့ မြင်လိုက်ရတဲ့ မြင်ကွင်းက ရှင်သန်ရန်အတွက် ဒီလောက်ခွန်အားတွေ ပေးနိုင်မယ် မထင်ခဲ့ဖူးပါ။

မြတ်နှင်းဆီအိပ်စက်နေတဲ့ ထွက်သက် ဝင်သက် အသက်ရှုခြင်းကို ကြည်စင်ကြည့်နေတာ ၁၅မိနစ်ကျော်သွားပြီဖြစ်ပါသည်။

“မင်းချစ်လို့…လှတာပေါ့…”

နှုတ်ခမ်းလေးသာ လှုပ်၍ပြောလာတာကြောင့် သူခိုးလူမိ ကြည်စင်လန့်သွားသည်။ပြီးနောက် မျက်ဝန်းများ ဖြတ်ခနဲ့ပွင့်လာသည်။

“အချစ်…နိုးပြီလား”

“မင်းအကြည့်ကို…ငြိမ်ပြီးခံစားနေတဲ့…၁၅မိနစ်အပါဆိုရင်တော့…နိုးပြီးပြီပေါ့….
မျက်လုံးဖွင့်မှ…နိုးတယ်ဆိုရင်တော့ ….အခုနိုးတာပေါ့”

ကြည်စင် နှာဖျားကို လက်ညှို့လေးဖြင့် တို့ထိကာပြောလိုက်သည်။

“အချစ်”

“ရတယ်”

“ဘာမှမပြောရသေးဘူးလေ”

“ဘာမှပြောစရာမလိုအောင်….
တို့..မင်းကိုသိပါတယ်…ရေပြာ”

မြတ်နှင်းဆီထံမှ စကားကိုကြားတာနဲ့ ကြည်စင်က နှုတ်ခမ်းများကို ထိကပ်လိုက်ပြီး ပူလောင်ပြင်းပြတဲ့ အနမ်းတစ်ခုကိုစတင်လိုက်ပါတော့သည်။

ဘေးချင်းကပ်လှဲနေသည့် အနေအထားမှ ကြည်စင်က မြတ်နှင်းဆီခေါင်းအုံ့ထားသော လက်ကို အနည်းငယ်ဆွဲထုတ်၍ မြတ်နှင်းဆီ၏ခါးတစ်ဖက်မှဖမ်းထိန်းကာ ခန္ဓာအနေအထားကိုပြင်လိုက်သည်။

ထို့အခါ မြတ်နှင်းဆီကို ကြည်စင်က အုပ်မိုးထားပြီးသားဖြစ်သွားပါသည်။

မြတ်နှင်းဆီလက်များက ကြည်စင်လည်တိုင်ကို တွယ်ခိုလာပြီးနောက် လက်ဖဝါးများက လည်တိုင်ကို ပွတ်သပ်ကာ သူမအနားနီးလာရန်ပိုပြီး ဆွဲကပ်လိုက်သည်။

ကြယ်ရောင်စုံညီ...လင်းသောကြောင့်(Complete)Where stories live. Discover now