လက်ထပ်ပွဲစီစဉ်နိုင်ခြင်းမရှိသေးတာကြောင့် ကောင်းကင်တိမ်ယော်အပေါ် အားတုံ့အားနာဖြစ်မိသော ခင်ဇော်ဂျီတစ်ယောက် သူငယ်ချင်းများနှင့် တိုင်ပင်ရင်းမှ မိဘမဲ့ကျောင်းတစ်ခုတွင် အလှုလုပ်ရန်အကြံရခဲ့သည်။
သူတို့အတွဲ အလှုလုပ်မယ်ဆိုတော့ ကျန်အတွဲများနှင့် စင်ဂယ်များလည်း ပူးပေါင်းပါဝင်ရန်ဆုံးဖြတ်လိုက်ကြသည်။
တဆင့်စကား တဆင့်နားဖြင့် ပါဝင်ကြသူများမှာ လွန်စွာများသွားပါသည်။
သူတို့ သူငယ်ချင်းလေးယောက်နှင့် ဆိုင်သူများအပြင်၊လင်းကိုကိုလေး၊ မူပိုင်ရှင် သက်သက်မာတို့ ဇနီးမောင်မယ် အပြင် ချစ်သက်မူပိုင်လေးနှင့် လှရည်သောင်း၊ထို့အပြင် ကြွေရွက်ဝါပါ ပါသေးသည်။
အားလုံးအချိန်ပေးနိုင်သော ရက်ကို ရွေး၍ စီစဉ်လိုက်ကြသည်။လူများတာကလည်း ကလေးတွေအတွက် ပိုမိုကောင်းမွန်သော အလှုတစ်ခုဖြစ်သွားစေပါသည်။
ဝိုင်းဝန်းချက်ပြုတ်၍ ကူလုပ်ကြပြီး ပျော်စရာကောင်းပါသည်။
နေ့လည်စာကျွေးချိန် ကလေးများ ဆုတောင်းခြွေသံ ကြားရတော့ သူတို့ အကုန်လုံးမှာ ရင်ထဲ စို့ နင့်၍ မျက်ရည်များပင် ဝဲခဲ့ရသည်။
နေ့လည်စာ စားချိန်ပြီးတော့ အဖွဲ့နှစ်ဖွဲ့ခွဲလိုက်ကြရသည်။
ကလေးငယ်များ စားသောက်ထားသော ပန်းကန်ခွက်ယောက်များကို ဆေးကြောရန် အိုးတိုက်ပန်းကန်ဆေးအဖွဲ့နှင့် နေ့လည်စာစားပြီးသော ကလေးငယ်များကို အဆာပြေမုန့်နှင့် ဖျော်ရည်များ ဝေရန် တာဝန်နှစ်ခုဖြစ်သည်။
ပန်းကန်ဆေးအဖွဲ့ တာဝန်ကျသူများက ကြည်စင်တို့ပူပူနွေးနွေး ဇနီးမောင်မယ်၊ရွှေတိုင်တို့အတွဲ၊ဇော်ဂျီတို့အတွဲနှင့် လင်းကိုကိုလေးပင်။
ကလေးများကို အဆာပြေမုန့်ဝေရန် တာဝန်ကျသူများက တော့မူပိုင်ရှင်တို့မိသားစုသုံးယောက်၊လှရည်သောင်း၊ကြွေရွက်ဝါနှင့် ငွေကြယ်စိုင်ပင်။
သို့သော် မုန့်ဝေသောနေရာ၌ ငွေကြယ်စိုင်တစ်ယောက် နေရာမရပါ။
![](https://img.wattpad.com/cover/378456907-288-k436826.jpg)
YOU ARE READING
ကြယ်ရောင်စုံညီ...လင်းသောကြောင့်(Complete)
Narrativa generaleချစ်ခဲ့ဖူးတယ် ချစ်နေသေးတယ် ဆက်ချစ်နေဦးမယ့် "ကြည်ပြာရေစင်" နဲ့ သူအနားကို ရုတ်တရပ်ရောက်ရှိလာတဲ့ "ဒေါ်မြတ်နှင်းဆီ" ငယ်ဘဝဖြစ်ရပ်ဆိုးတစ်ခုမှာ ဆုံတွေ့ခဲ့ရတဲ့ "ခင်ဇော်ဂျီ"နဲ့ "ဒေါက်တာကောင်းကင်တိမ်ယော်"တို့ရဲ့ အရွယ်ရောက်ပြန်လည်တွေ့ဆုံမှု သရဲကြောက်တတ်တဲ့ "ရွ...