အပိုင်း(5)Uni

512 34 0
                                    

ဆေးရုံးကုတင်ပေါ်လှဲရင်း တစ်ညလုံးတစ်မှေးမှ အိပ်မပျော်နိုင်ပါ။ငွေစိုင်ကတော့ တခူးခူးနဲ့ အိမ်မက်များကို ခေါ်ဆောင်နေသည်။သူကတော့ မမကို ထပ်မြင်ချင်စိတ်ကသာ များနေမိသည်။မနက်ရောက်တဲ့အထိ ငွေစိုင်ကတစ်ချက်ကလေးတောင်နိုးမလာပါ။

သူကုတင်က ထ၍ အခန်းပြင်ထွက်ပြီး မမကိုရှာရန်ကြိုးစားလိုက်သည်။

အခန်းထဲက ထွက်ကာ သူတို့အထပ်မှာရှိတဲ့ သူနာပြုဆရာမများ ရှိနေသော နေရာသို့သွားလိုက်သည်။

“ဆရာမလေး”

“ဟုတ်ကဲ့ ….ဘာများဖြစ်လို့ပါလဲ…..”

“ဟိုလေ…ဒေါက်တာကောင်းကင်တိမ်ယောနဲ့ စကားပြောချင်လို့ပါ”

“ဒေါက်တာက ခွဲခန်းထဲမှာပါ…ခဏနေ အခြားဆရာဝန်တစ်ယောက်လာပါလိမ့်မယ်….စစ်ဆေးကြည့်ပြီးရင်တော့ …ဆေးရုံးဆင်းလို့ရပါပြီ”

“ဟိုလေ ….”

“ဟုတ်ကဲ့….”

“ခွဲစိတ်တာက…ဆေးရုံးမဆင်းခင် ပြီးနိုင်လားဟင်”

“အဲတာတော့ ပြောရခက်ပါတယ်….အသက်လုနေရတဲ့ အရေးပေါ် case ဆိုတော့လေ”

“ဟုတ်ကဲ့ပါ”ဇော်ဂျီလည်း လက်လျော့၍ သူအခန်းသာပြန်လာခဲ့သည်။ခုထိငွေစိုင်မနိုးပါ။
စိတ်ရှည်ရှည်နဲ့ စောင့်နေပေမဲ့ မမကတော့ပေါ်မလာပဲ နောက်ဆရာဝန်တစ်ယောက်က စစ်ဆေးရန်လာချိန်မှသာ ငွေစိုင်နိုးပါသည်။

စစ်ဆေးပြီးနောက်…ဆေးရုံးဆင်းခွင့်ရသည်။
ကိုလင်းပါရောက်လာပြီးနောက် မြန်ဆန်စွာပဲ ဆေးရုံးအပြင် ရောက်လာရသည်။

ကိုယ်စီအလုပ်တွေ ရှိသေးသည်မို့ အချိန်ဆွဲနေခွင့်မရှိပါ။ငွေစိုင်နဲ့ ကိုလင်းကို အားနာရသည်။ကားပေါ်တက်ရန် ကိုလင်းက တံခါးဖွင့်ပေးသည်။

ဆေးရုံးကို လည်ပြန်ငေးမိသည်။

“မမပြောသလိုပေါ့…မိုးကောင်းကင်တစ်ခုထဲရဲ့အောက်မှာပဲလေ….ဆုံခွင့်ရှိရင်းထပ်ဆုံမှာပါ….ဆုံအောင်လဲ ကြိုးစားပါမယ်”စိတ်ထဲက တွေးပြီး ကားပေါ်သာတက်ခဲ့လိုက်တော့သည်။

ကြယ်ရောင်စုံညီ...လင်းသောကြောင့်(Complete)Where stories live. Discover now