အပိုင်း(33) Zawgi

183 2 0
                                    

မနက်အစော ထ၍ နေထိုင်ရာ အရပ်သို့ပြန်ရန်ပြင်ကြသည်။

အဖေဟာ တစ်ခါတစ်လေမှ ပြန်လာပြီ ချက်ချင်းပြန်တတ်သည့် သူအပေါ် မှာသော အမှာစကားဟာ မများလှပါ။

လမ်းခရီးဂရုစိုက်ရန်သာ ဖြစ်ပါသည်။

မမကတော့ နောက်တစ်ကြိမ်ထပ်လာခဲ့ပါဦးမည်ဟု ကတိခံသည်။

သူအတွက်တော့ မဟုတ်ပါ။ပြန်လာရင်လည်း ပြန်လာဖြစ်မည်ပေါ့။မပြန်လာဖြစ်ရင်လည်း မပြန်လာဖြစ်ဘူးပေါ့။အချိန်တန်ရင် သိရပါလိမ့်မည်။

အပြန်မှာတော့ ကားကနှစ်စီးဖြစ်သည်။ သူနှင့်မမက သူမောင်းလာခဲ့သော တစ်စီးဖြင့် ကြည်စင်နှင့် အမြွှာနှစ်ကောင်မှာ သူတို့စီးလာသော တစ်စီးပင်။

ဈေးတန်းကဝယ်လာသော ပစ္စည်းထုပ်များမှလွဲလို့ ကျန်တာအပိုမပါပါ။

ထို့ဝယ်လာသော ပစ္စည်းများထဲမှ ကြည်စင်ဝယ်လာသော အထုပ်များကသာ ကားနှစ်စီးလုံးရဲ့ နောက်ခန်းကို ပြည့်နေအောင် နေရာယူပါသည်။

ကားဘီးလေးတစ်လှိမ့်စီး လှိမ့်၍ စတင်ထွက်လိုက်သည်။

အလာတုံးက မှောင်မိုက်နေခဲ့သော အနာဂတ်ဟာ အပြန်ခရီးမှာတော့ လင်းထိန်နေပါသည်။

ဘေးမှာ အချစ်ဆုံးသူပါသည် မဟုတ်ပါလား။

ရိုးရိုးပါလာခြင်းမဟုတ် မေတ္တာနှင့်ချည်၍ ပါလာခြင်းဖြစ်ပါသည်။

လမ်းခရီးမှာပဲ မနက်စာ၊နေ့လည်စာ စား၍ ခရီးဆက်ကြသည်။

ညနေစောင်းမှာတော့ နေထိုင်ရာအရပ်ဒေသ သို့ရောက်ပါသည်။

သူတို့အိမ်ကိုတော့ ချက်ချင်းမပြန်ရပါ။

မိန်းမအတွက် ဝယ်ခြမ်းလာသော ကြည်စင်၏ အထုပ်များကို အိမ်သို့ လိုက်၍ ပို့ဆောင်ပေးရပါဦးမည်။

ကားနှစ်စီးက ရှေ့ဆင့်နောက်ဆင့် ရပ်လိုက်တော့ အိမ်ထဲမှ မြတ်နှင်းဆီက ထွက်လာသည်။

ကြည်စင်ကလည်း ချက်ချင်း ကားပေါ်က ဆင်းပြေးကာ ဖက်လိုက်သည်။

“အချစ်…..
လွမ်းလိုက်တာ…လွမ်းလိုက်တာ…
ကြည်စင်မိန်းမကို လွမ်းလိုက်ရတာ”

ကြယ်ရောင်စုံညီ...လင်းသောကြောင့်(Complete)Where stories live. Discover now