အပိုင်း(13)Uni

1.4K 101 5
                                    

‘လူတစ်ယောက်ကို သိပ်မုန်းတဲ့အခါ မွေးနေ့မှာ စိတ်ဒဏ်ရာပေးလိုက်ပါတဲ့’

ဘာလို့လဲဆိုတော့ ကျန်တဲ့ရက်များဟာ မေ့မေ့ဖျောက်ဖျောက်ဖြစ်တတ်ပေမဲ့ ကိုယ်တိုင်ကော လူအများကော သတိတရဖြစ်တဲ့နေ့မှာ ရခဲ့တဲ့ စိတ်ဒဏ်ရာဟာ တစ်နှစ်ပတ်လည်တိုင်း တစ်ခါပြန်လာလို့ပါပဲ။

အသက်မသေဆုံးခင်အထိပေါ့။

ဒီနေ့တော့ ကြည်စင်က ထို့စိတ်ဒဏ်ရာကို လက်ခံရယူရန် နိုးထလာရသည်။

မတ်လ ၂၀ရက်နေ့ သူမရဲ့  ၂၆နှစ်ပြည့်မွေးနေ့။

ညမှာ နှစ်ပတ်လည် ညစာစားပွဲရှိပါမည် ။ ဝန်ထမ်းများမဖြစ်မနေတတ်ရမဲ့ပွဲပေါ့။အရင်ကတော့ ကြည်စင်တို့အဖွဲ့နှင့်ဇော်ဂျီအပါအဝင် နယ်လှည့်ရိုက်ကူးရေးရာသီချိန်ဖြစ်တာကြောင့် အမြဲခရီးသွားနေရတာကြောင့် မတက်ဖြစ်သောပွဲပေါ့။

ဒီနှစ်အတွက်တော့ ရာထူးတိုးအနေအထားများအဖြစ် ပွဲတက်ရောက်ရသည်။

ဒေါ်မြတ်နှင်းဆီကတော့ လွမ်းနေပါတယ်ဆိုသော လူနှင့်တွေ့ရမည်ဖြစ်ပြီး မဖြစ်မနေတတ်ရမည့်ပွဲတွင် သူမလွမ်းနေသော သူသည်လည်း ပါလာနိုင်ပါသည်။

ထို့ကြောင့် ကြည်စင်သည် သူမထပ်မံပေးသော အသစ်စက်စက်စိတ်ဒဏ်ရာကို လက်ခံရန် အသင့်ပြင်ရပါတော့သည်။

စိတ်အားညှိုးငယ်စွာဖြင့်  လက်ဖက်ရည်ဆိုင်သွားရန် အပေါ်ထပ်မှဆင်းလာခဲ့လိုက်သည်။အရက်ဆိုင်မှာသာ ခေါင်းစိုက်လိုက်ချင်ပါသည်။

သို့သော် ညနေ့ဆုကတက်ယူရဦးမည်ဖြစ်သည်။ကိုယ့်အလုပ်ကို လုပ်နေရင်းနဲ့ ဘာကိစ္စဝန်းထမ်းကောင်းဆုရလဲ မပြောတတ်ပါ။

“ဟက်ဘီး ဘက်ဒေး ကြည်စင်”

ဘယ်ချိန်ထဲက ရောက်နေမှန်းမသိသော ဇော်ဂျီရယ် ၊အမြွှာနှစ်ကောင်ရယ်။ကြည်စင်အဖေ၊အမေနှင့် ကိုကို။

ကိတ်မုန့်ကိုင်ပြီး ဘယ်ချိန်ထလာမည်မသိပဲ စောင့်နေကြတယ်ထင်ပါသည်။

“ဟက်ဘီး ဘက်ဒေးပါ”

“မွေးနေ့ရှင်ကတော့ ကြောင်ပြီး တော်သေးတာပေါ့ ။ဟက်ဘီးဘက်ဒေး တူးလို့မပြောတာ”
ရွှေတိုင်ကပြောတော့ အကုန်ဝိုင်းရယ်ကြပါသည်။

ကြယ်ရောင်စုံညီ...လင်းသောကြောင့်(Complete)Where stories live. Discover now