“ဟဲဟဲဟဲ…ချိုးစရာတောင်မလိုတော့ဘူးထင်တယ်နော်…..စစထဲကခေါ်လိုက်တာမဟုတ်ဘူး”တစ်ဖက်ကရေစိုနေတဲ့ဆံပင်များကို သပ်တင်ပြီးနောက်
“တစ်ယောက်ထဲစကားတွေပြောနေတာကို…ဘယ်လိုဝင်ပြောရမလဲ”
“ကိုလင်းကမေ့သွားတယ်ထင်တယ်…ညနေကအရေးပေါ်ကိစ္စလေးပေါ်လာလို့လေ…ရေချိုးမယ်မလား…လာလေ…အိမ်ထဲမှာ ရေချိုးခန်းရှိတယ်”
“ဒီကန်မှာချိုးလည်းရတယ်”
“မဟုတ်တာ မိန်းကလေးတစ်ယောက်က အိမ်ထဲမှာ ချိုးလေ…မကြောက်ပါနဲ့ အိမ်ထဲမှာ ကျွန်မတစ်ယောက်ထဲ…ပစ္စည်းတွေယူပြီး နောက်ကပဲလာလိုက်နော်…..အဲနားဘေးတံခါးက မပိတ်ထားဘူး..ဖွင့်လို့ရတယ်”
ပြောပြီးသည်နှင့် အိမ်ထဲပြေးကာ အဝတ်အစားအမြန်လဲလိုက်သည်။
ပြန်ထွက်လာတော့ လင်းလင်းရှင်းရှင်း မီးရောင်အောက် မြင်လိုက်ရသည့် အမျိုးသမီးရဲ့ မျက်နှာကြောင့် ရုတ်တရပ် ငြိမ်သက်သွားရသည်။အလွန်လှပါသည်။ အသားဖြူဖြူကြည်ကြည်နှင့် ရေစိုထားတာကြောင့် ဆံပင်တချို့က အသားနဲ့ ထိကပ်နေတာတောင် အလှတရားကို ဖုံးကွယ်နိုင်စွမ်းမရှိပါ။
“ရေချိုးခန်းက….”
“ဟိုမြင်နေရတဲ့ …တံခါးပဲ…အေးဆေးချိုးနော်”
ရွှေတိုင်လည်းရေချိုးခန်းထဲ ဝင်သွားသည်ကိုမြင်ပြီးမှ မီးဖိုချောင်းဘက်သွားလိုက်သည်။
“ရှမ်းမလေးကလှတယ်ဟ”
တပြုံးပြုံးနဲ့ ခေါက်ဆွဲပြုတ်ရန် ပြင်နေတော့သည်။
“အော် …ဘဝသမားဆိုတော့ဆိုးလိုက်တာ…..အယ်…ကြယ်တောင်မကြည့်ခဲ့ရပါလား….”
“ဟ”
လက်ချောင်းများကို ဆံပင်ထဲထိုးဖွပြီး
“ဆပ်ပြာမတိုက်ရသေးဘူး…ဘယ်တတ်နိုင်မလဲ…ရေထိရင် ချိုးတာပဲပေါ့”
ခေါက်ဆွဲပြုတ်ရသည်နှင့် ထိုင်ချကာ ဖုန်းဖွင့်ပြီးနောက် စားသောက်ရင်း ဇာတ်ကားကြည့်ခြင်းလုပ်ငန်းကိုစတော့သည်။
YOU ARE READING
ကြယ်ရောင်စုံညီ...လင်းသောကြောင့်(Complete)
Tiểu Thuyết Chungချစ်ခဲ့ဖူးတယ် ချစ်နေသေးတယ် ဆက်ချစ်နေဦးမယ့် "ကြည်ပြာရေစင်" နဲ့ သူအနားကို ရုတ်တရပ်ရောက်ရှိလာတဲ့ "ဒေါ်မြတ်နှင်းဆီ" ငယ်ဘဝဖြစ်ရပ်ဆိုးတစ်ခုမှာ ဆုံတွေ့ခဲ့ရတဲ့ "ခင်ဇော်ဂျီ"နဲ့ "ဒေါက်တာကောင်းကင်တိမ်ယော်"တို့ရဲ့ အရွယ်ရောက်ပြန်လည်တွေ့ဆုံမှု သရဲကြောက်တတ်တဲ့ "ရွ...