အပိုင်း(38)Uni

443 44 16
                                    

လင်းကိုကိုလေးနှင့် အဖွဲ့ခွဲကာ တစ်ရပ်ကွက်လုံးပတ်လျှောက်ပြီး ပြန်လာတဲ့နောက်မှာတော့ ရွှေတိုင်တောင် အမူးပြေနေပါပြီ။

ခင်ဇော်ဂျီနှင့် ကောင်းကင်တိမ်ယော်မှာလည်း အိမ်ထဲဝင်၍ အနားယူနေပြီဖြစ်ပါသည်။

အိမ်ရှေ့လှေကားထစ်မှာ ထိုင်နေတာကတော့ ငွေစိုင်နှင့် ရွှေတိုင်ပင်။

"ဘဝမှာ....အကောင်းဆုံးက....ဘာလဲသိလား....ရွှေတိုင်"

"အိမ်သာအရမ်းတက်ချင်နေတုံး....တက်ခွင့်ရတာလား"

"အေး....ဟင်...မဟုတ်ဘူးလေ...."

"ဘာတုံး...အဲတာဆို"

"ကိုယ်ချစ်တဲ့....သူက...ကိုယ်ကို...ပြန်ချစ်တာပဲ"

"အော်"

"အဆိုးဆုံးကကော....ဘာလဲ...သိလား"

"ဝမ်းချုပ်တာလား"

"ဟာ...ရွှေတိုင်ရာ...
ဒီအိမ်သာထဲကကို...မထွက်ဘူး...
ပါချင်နေတာလား"

"မဟုတ်ပါဘူး....
စိတ်ထဲပေါ်လာတာ...ပြောတာလေ...ငွေစိုင်ရယ်"

"ချစ်ရသူကို....
ပိုင်ဆိုင်ခွင့်ရတဲ့ကံဟာ...
သိပ်ကောင်းမှာပဲ....ရွှေတိုင်"

ငွေကြယ်စိုင်က ကြယ်ရောင်မလင်းတဲ့ တိမ်ဖုံးနေသော ညကောင်းကင်ကိုမော့ကြည့်၍ ပြောလိုက်သည်။

"အင်း...ထင်ပါတယ်....
ဆရာနဲ့အစ်မမြတ်လည်း...အဲလိုပဲကို"

"ဒါဆို....အမှန်တိုင်းပြောတော့...ရွှေတိုင်...
အစ်မယိမ်းနွဲ့ကို...စိတ်ဆိုးနေတာ...
ငါ့ကြောင့်မလား"

ငွေစိုင်က သေချာရေရာသည်ဆိုသော အကြည့်ဖြင့် ရွှေတိုင်ကို ကြည့်လိုက်သည်။

"ဘာဆိုင်လဲ...ငွေစိုင်ရယ်"

ရွှေတိုင်ကတော့ မျက်လုံးချင်း မဆုံအောင်ရှောင်လေသည်။

"ငါကို...ထားပြီးမသွားချင်လို့လေ...မဟုတ်လား"

"အင်း.....အစ်မယိမ်းနွဲ့က ...
မလေးနက်ဘူး...ငွေစိုင်..."

ငွေစိုင်ရဲ့ ကျောကိုသပ်လိုက်သည် ပြီးနောက်

"ငါမှာ...နင်ပဲရှိတာ...
ဒါကို...ခဏခဏပြောပြတယ်...
သူမှတ်ထားသင့်တာပေါ့"

ကြယ်ရောင်စုံညီ...လင်းသောကြောင့်(Complete)Where stories live. Discover now