အပိုင်း(16)Uni

449 31 0
                                    

"အဲထဲက ချစ်နေရင်....ဘာလို့အခြားတစ်ယောက်နဲ့ လက်ထပ်မဲ့ ဖိတ်စာကို ကြည်စင်ကိုပေးတာလဲ"

"အာ...တို့သိလိုက်ပြီ...မင်းလေးကအရင်ထဲက မျက်မှန်တပ်ဖို့လိုတာပဲ"

ရင်ခွင်ထဲကနေ ကြည်စင်ရဲ့ ပါးပြင်ကိုအသားပုတ်ကာ ပြောလာတဲ့ မြတ်နှင်းဆီရဲ့စကားချိုချိုလေးတွေ။

"ခဏဖယ်ပေး"

"စောနကကျ ဖက်ထားဆို"

"ခဏပါပဲ....တစ်ခုသွားယူစရာရှိလို့"

ကြည်စင် ဖယ်လိုက်တော့ အပေါ်ထပ်ကိုအပြေးလေးတက်သွားတဲ့ မြတ်နှင်းဆီ။ခဏလေးပါပဲ အလယ်အလတ်အရွယ်ဗူးလေး တစ်ခုယူကာပြန်ဆင်းလာသည်။

"ဘာတွေလဲ"

"ခဏလေး"

ဆိုဖာမှာ ပြန်ဝင်ထိုင်၍ မြတ်နှင်းဆီက ဗူးထဲမှ တစ်ခုခုကိုထုတ်လာသည်။

"ရော့" တိပ်တွေနဲ့ကပ်ထားသည့် ပန်းရောင်ဖိတ်စာလေးတစ်ခု။

"အဲတာကြီး...မကြည့်ချင်ပါဘူး...ကြည်စင်ဘယ်လောက်ရင်နာခဲ့ရသလဲ"

"တို့ကိုချစ်ရင်...ဖွင့်ကြည့်စမ်းပါ"

မြတ်နှင်းဆီရဲ့ သာမာန်စကားများကိုတောင် မငြင်းဆန်နိုင်သော ကြည်စင်က ဒီလိုစကားမျိုးဆို အမိန့်အဖြစ်သတ်မှတ်မဲ့သူဖြစ်တာကြောင့် လက်ထဲလှမ်းယူပြီးဖွင့်လိုက်သည်။

"ဖွင့်လိုက်ပြီ"

"သတိုးသမီးနာမည်ကိုကြည့်"

ကြည့်ပြီးနောက် နှုတ်ဖျားမှလည်း ရေရွတ်လိုက်မိပါသည်။

"မမြတ်နှင်းရီ"

သူမက နှုတ်ခမ်းကို အသာဟ၍လက်ကလေးအုပ်ကာ တိုးတိုးလေးရယ်သည်။ပြီးနောက်

"ဖိတ်စာအိတ်ကို ပြန်ကြည့်ပါဦး...ရေပြာ"

ပြောသည့်အတိုင်းကြည့်လိုက်တော့

"ချစ်ရတဲ့ရေပြာလေးအတွက်"လို့ရေးထားတဲ့ စာလေးတစ်ကြောင်း။

"ဒါ....ဒါက...."

"တို့ညီမမင်္ဂလာဆောင်ဖိတ်စာပါ....မေမေနဲ့မိတ်ဆက်ပေးချင်လို့...မင်းကိုဖိတ်လိုက်တာ"

ကြယ်ရောင်စုံညီ...လင်းသောကြောင့်(Complete)Where stories live. Discover now