အပိုင်း(15)Uni

1.5K 104 6
                                    

“မငိုနဲ့တော့လေ….တိတ်ပါ”

ဆိုဖာပေါ်ထိုင်ပြီးသည်အထိ သူရင်ခွင်ထဲဝင်၍ ငိုနေဆဲဖြစ်သော ချစ်ရသူကို ဒီလောက်အငိုသန်မယ် မထင်ခဲ့မိပါ။

မျက်ဝန်းမှ မျက်ရည်များကို လက်မဖြင့်အသာသုတ်ပေးရင်း နဖူးပေါ်သို့ အနမ်းတစ်ပွင့်ခြွေချလိုက်သည်။

“အဟမ်း…အဟမ်…”

“….လှရည်..”

မျက်ရည်များသုတ်ရင်း ရင်ခွင်ထဲကနေ သူကိုအသာတွန်းကာ ခွာသွားတဲ့ ခန္ဓာကိုယ်လေး။

“လုပ်ပါ..လုပ်ပါ…ရေဗူးလေးယူပြီး..အခန်းထဲပြန်သွားတော့မှာ”

ကြည်စင်လည်းလှည့်ကြည့်လိုက်တော့ ရေခဲသေတ္တာဖွင့်ပြီး ရေဗူးဆွဲထုတ်တဲ့ ကောင်မလေးတစ်ယောက်

“ကျေးဇူးနော်…လှရည်..”

“ရပါတယ်ရှင့်…………မမသက်မာပြောပြတဲ့ထဲက ရေပြာလား”

သူကိုလက်ညှိုးထိုးပြလာတာကြောင့် ရယ်ပြလိုက်ရသည်။

“ဟုပ..ဟုပ…မမမြတ်ရဲ့ အချစ်လေ”

“မနှောက်ယှက်တော့ဘူးနော်…..ဆက်လုပ်..ဆက်လုပ်”

ပြုံးကာပြောပြီးနောက် လှရည်သောင်းလည်း ရေဗူးလေးယူ၍ အခန်းထဲပြန်ဝင်သွားသည်။

“ဘယ်သူကြီးလဲ”

“မူပိုင်ညီမပါ”

“အော်”

“ပြန်ဝင်မယ်”

“ဟင်”

“ပြန်ဖက်ထားလေ…ရင်ခွင်ထဲပြန်ဝင်မှာ”

လက်နှစ်ဖက်ဆန့်ကာ သူရင်ခွင်ထဲ ပြန်ဝင်လာတဲ့ မိန်းမလှလေးကို စောနကထပ်ပိုဖက်ထားလိုက်သည်။

“တို့..မင်းကို..ဘယ်ထဲက..ချစ်လဲ..သိလား..ရေပြာ”

“ကြည်စင်ကတော့ မြင်မြင်ချင်းပဲ…….မဟုတ်ဘူး…သီချင်းဆိုသံစကြားထဲကပဲ”

“တို့လည်း..အသံကော လူကော …မြင်မြင်ချင်းပါပဲ…ဒါပေမဲ့..မင်းထပ်ပိုစောတယ်”

“ဟင်”

“မင်းတို့အဖွဲ့ …ပါချုပ်မွေးနေ့..ညစာစားပွဲ..သီချင်းဆိုရတာမှတ်မိလား”

ကြယ်ရောင်စုံညီ...လင်းသောကြောင့်(Complete)Where stories live. Discover now