အပိုင်း(12) Zawgi

227 2 0
                                    

လင်းကိုကိုလေးတစ်ယောက် အရပ်ထဲမှ အဘွားမြတို့ အိမ်၌ မီးခိုးခေါင်တိုင်းသန့်ရှင်းရေးလုပ်ကူပြီးနောက် လေလေးချွန်ကာ ပြန်လာသည်။

အလွန်ပူလာသောကာလရောက်ပြီးဖြစ်ရာ ချွေးတသီးသီးကျနေသောကြောင့် အကျီလက်ကိုခေါက်ပြီးပင့်တင်ထားရသည်။

သန့်ရှင်းရေးလုပ်နေစဉ် သံတစ်ချောင်းနဲ့ ရှကာ ပုဆိုးပြဲသွားသေးသည်မို့ ပုဆိုးကိုလည်း ခပ်တိုတိုဝတ်ထားရသည်။

မီးခိုးမှုန့်များက တကိုယ်လုံးပေရေနေကာ ချွေးစက်များနှင့်ပေါင်း၍ အလုပ်ကြမ်းသမားတစ်ယောက်ပုံဖြစ်နေသည်။

ခန့်ညားသော အလုပ်ကြမ်းသမားတစ်ယောက်လို့ ခေါ်ဆိုလို့ရသောလည်း ယခုပင် မျက်နှာမှချွေးစက်များကို လက်ဖြင့်သုတ်လိုက်ရာ မျက်နှာ၌ အမဲရာများကျန်နေတော့သည်။ပျောက်ကြားတပ်ဖွဲ့ဝင် တစ်ဦးနှင့်တူပါသည်။

ထို့စဉ် သူနားသို့ ကားအနက်ရောင်တစ်စီး ထိုးရပ်လာသည်။ကားမှန်အမဲရောင်လေး ပွင့်လာတော့ အထဲမှမိန်းကလေးတစ်ဦး

“ဦးလေး….အစ်မမြတ်နှင်းဆီတို့ အိမ်ကိုဘယ်လိုသွားရမလဲ”

လင်းကိုကိုလေးတစ်ယောက် ဦးလေးဟုဆိုသောကြောင့် ပတ်ဝန်းကျင်တွင် ဦးလေးအရွယ်လူတစ်ယောက်ကို ရှာဖွေမိသော်လည်း ဒီလမ်းအလယ်၌ လူဆိုလို့ သူတစ်ဦးသာရှိပါသည်။

“ကျွန်တော်လား”

“ဦးလေး…နားသိပ်မကောင်းဘူးလား”
ဟုဆိုကာ

“အစ်မမြတ်နှင်းဆီ အိမ်ဘယ်လိုသွားရမလဲလို့”အသံမြှင့်ကာပြောလာသည်။

“ကြား..ကြားပါတယ်…..နားမလေးပါဘူး…သာသာလေးအော်ပါ”
လင်းကိုကိုလေးရဲ့ အသံကြည်ကြည်အေးအေးလေးဖြင့် ပြန်ပြောလိုက်သည်။

“အစ်မမြတ်က….အခုမရှိလောက်ဘူး…ခရီးသွားနေတာဗျ”

“မရှိတာသိပါတယ်…ဦးလေးရဲ့…သူအိမ်ကိုပဲသွားမှာ….လမ်းညွှန်ပေးပါလား”

ဦးလေး ၊ဦးလေ ခေါ်သံက သူရင်ကိုအချွန်နှင့် ထိုးခံရသလို ခံစားရသော်လည်း ကြည်စင်ပြောသလို ရပ်ကွက်ရဲ့ ကူလီကြီးလုံးလုံးဖြစ်နေတော့ ကူညီချင်စိတ်က ထိန်းမရပါ။

ကြယ်ရောင်စုံညီ...လင်းသောကြောင့်(Complete)Where stories live. Discover now