အပိုင်း(29)Uni

1.3K 100 9
                                    

အချစ်ဆိုတဲ့ အလင်းရောင်ကိုမြင်တွေ့ရပြီး မကြာခင်မှာပဲ ပျောက်ဆုံးသွားတာ တရားမျှတမှုမရှိပါ။

သူမထိန်းချုပ်ခဲ့ပါသည်။အချစ်ဆိုတဲ့အလင်းရောင်လေးကို အခြားသူတွေမြင်မှာဆိုးတာကြောင့် သော့ခတ်လို့သေချာသိမ်းထားခဲ့ပါသည်။

သို့သော် အချစ်တွေဖိတ်စင်းကျမတတ်ကြည့်နေတဲ့ အကြည့်တွေကို ရှောင်လွဲနိုင်စွမ်း မရှိခဲ့ပါ။

အရိပ်တစ်ခုရဲ့ အုပ်မိုးမှုအောက်မှာ နေသားကျနေတဲ့သူမက ဇော့်ဆီမှ အလင်းရောင်တွေကို လွန်ဆန်နိုင်စွမ်းမရှိခဲ့ပါ။

စိတ်အတွင်းဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို လက်သင့်ခံလိုက်ပြီး ဝန်ခံလိုက်မှ ပြောင်းလဲသွားတဲ့ အခြေအနေကို နားမလည်နိုင်ပါ။

သူမကိုငြင်းဆန်နေရင်းနဲ့တောင် ချစ်နေတဲ့ အကြည့်များကို မျက်ဝန်းတွေထဲ တွေ့နေရဆဲပါ။

ခင်ဇော်ဂျီ ထသွားထဲက ကောင်းကင်တိမ်ယော်တစ်ယောက် တုပ်တုပ်မလှုပ်ပဲ ကော်ဖီဆိုင်၌ပင်  ငြိမ်သက်စွာထိုင်နေမိဆဲဖြစ်သည်။

ဘေးသို့ တစ်ယောက်ယောက် လာရပ်တဲ့ အရိပ်ကိုတွေ့လိုက်တော့ မော့ကြည့်လိုက်မိသည်။
ဆိုင်ပိုင်ရှင် အမျိုးသမီးပင်။

“အစ်မ…ထိုင်လို့ရမလား”

သူမ နာရီကိုကြည့်လိုက်တော့ ဆိုင်ပိတ်သိမ်းချိန် ရောက်နေပြီဖြစ်သည်။အပြင်မှာ မိုးများရွာချနေသည်။

“ဆိုင်ပိတ်ချိန်ရောက်နေပြီးပဲ…ဆောရီးနော်…ညီမပြန်ပါမယ်”

“အချိန်တွေရှိပါသေးတယ်….ထိုင်ပါဦး”

သူမထပြန်ရန် ပြင်တော့ ထိုအမျိုးသမီးက ဝင်ထိုင်ရင်း မပြန်ရန်ပြောသည်မို့ ဆက်ထိုင်နေလိုက်သည်။

“သူများကိစ္စဖြစ်နေပေမဲ့….
အစ်မတစ်ခုလောက်ဝင်ပြောသင့်လားလို့ပါ”

“ဟုတ်…ပြောပါ…အစ်မ”

“ညီမကိုတော့…အစ်မနှစ်ခါပဲ…တွေ့ဖူးပါတယ်…ပြန်သွားတဲ့…ညီမလေးကိုတော့…အစ်မခဏခဏတွေ့ဖူးတယ်”

“ဇော်ထိုင်နေကျဆိုင်လို့တော့…..ညီမကိုပြောပါတယ်”

“ညီမတို့နှစ်ဦးကြားမှာ ….သာမာန်မဟုတ်တဲ့…ဆက်ဆံရေးတစ်ခုရှိနေတယ်မလား”

ကြယ်ရောင်စုံညီ...လင်းသောကြောင့်(Complete)Where stories live. Discover now