အပိုင်း(39)Uni

438 51 18
                                    

“မိန်းမ….ကိုယ်တို့…မြေးချီရတော့မယ်….ကိုယ်တို့….သမီး…ကလေးရပြီကွ”

ဘယ်သူကများ အစ်မယိမ်းနွဲ့က ဒီအဖေမှ မွေးထားတာမဟုတ်ဘူးလို့ပြောနိုင်မှာလဲ။

သူသမီးလိုပဲ လက်သီးလက်မောင်းတန်း၍ မိန်းမဖြစ်သူအား လှည့်ပြောလိုက်သေးသည်။

ဖွားအေဖြစ်သူနှင့် မိခင်ဖြစ်သူမှာ အကြောင်သာလေးဖြင့် ကြည့်နေသည်။

ရွှေတိုင်မှာလည်း ဒီအခြေအနေကို ဘယ်လိုလုပ်လိုက်ရမည်မသိပါ။

တစ်လမ်းလုံးစားလာခဲ့သမျှမုန့်တွေက တစ်ပတ်စားစာလောက်ရှိပါသည်။

ထို့ထဲမှ အားလူးကြော်များက ဗိုက်ထဲ၌ လေအဖြစ် ပြည့်နှက်လာသည်မှာ ဘာမှပင် ထပ်၍မစားချင်တော့ပါ။

လေကလည်း ထိုးထိုးတက်လာတာကြောင့် ဗိုက်ထဲ လေပြည့်နေကြောင်း ပြလိုက်သည့်အပြုအမူနှင့် ထိုးတက်လာတဲ့ လေတစ်လုံးကို ပေါင်း၍ အစ်မယိမ်းနွဲ့က ကလေးတစ်ယောက်ဖန်တီးလိုက်ပါသည်။

တစ်ခါခါ ဒီလူက တဂယ်ပဲ နာမည်ကြီးလားဆိုတာကို ဝေခွဲမရနိုင်ပါ။သူထက်ပင် ပို၍ လွဲတတ်သေးသည်။

“ဒါလင်”

ထရပ်ပြီး အော်နေသည့် ယိမ်းနွဲ့ယဉ်ကို လက်တစ်ဖက်က ဆွဲကာ ထိုင်ခိုင်းလိုက်သည်။

“ဖွားဖွား….ယိမ်းတို့ကို…
သဘောတူမှရတော့မှာ….
အဖွားမြေးချွေးမမှာ….ကိုယ်ဝန်ရှိနေပြီ”

ယိမ်းနွဲ့ယဉ်က ခပ်တည်တည်ပင် ထိုင်ရင်း အဖွားဖြစ်သူကို ပြောနေသည်မို့ ရွှေတိုင်မျက်နှာပူလာသည်။

“ဒါလင်….ဘာတွေပြောနေတာလဲ”

အသံတိုးလေးဖြင့် မေးလိုက်သည်။

“ဘေဘီလေး….ဘာမှ…မပူနဲ့…
အဖွားသဘောတူမှရတော့မှာ”

“မဟုတ်ဘူးလို့….ဒါလင်”

“စိတ်အေးအေး..ထားပါ…
ပူပန်တာတွေက…ကလေးအတွက်မကောင်းဘူး”

ပြောရင်း ရွှေလည်တိုင်ရဲ့ ဗိုက်ကိုတောင် လက်ဖြင့် ပွတ်လိုက်သေးသည်။

မာန်လေကဲလေ ပြူးလေပြဲလေ ဖြစ်နေသည့် ယိမ်းနွဲ့ယဉ်ကြောင့်

ကြယ်ရောင်စုံညီ...လင်းသောကြောင့်(Complete)Where stories live. Discover now