“ဇော့်လက်ရာတွေ…အရမ်းကောင်းတာက…အဖေဆီကလာတာပဲ”
ညစာစားဝိုင်းတွင် ကောင်းကင်တိမ်ယော်ရဲ့ ချီးကျုးစကားသံကြောင့် ဦးနတ်လူမှာ ပြုံးပြုံးကြီးဖြစ်နေသည်။
သူတို့တွေ ကမ်းနားလမ်းကပြန်လာတော့ ဦးနတ်လူမှာ မီးဖိုချောင်းထဲမှာ ချက်ပြုတ်ပြင်ဆင်နေပြီ ဖြစ်ပါသည်။
ခင်ဇော်ဂျီက ဘေးမှ အနည်းငယ် ကူရုံသာ တာဝန်ယူလိုက်ရသည်။
အချိန်ခဏယူပြီ ချက်ပြုတ်ပြင်ဆင်လိုက်တဲ့အခါ ဟင်း လေးငါးမျိုးဖြင့် ဖွယ်ဖွယ်ရာရာ ညစာဖြစ်သွားသည်။
ကောင်းကင်တိမ်ယော်၊ကြည်စင်နှင့် အမြွှာနှစ်ကောင်တို့ ရေမိုးချိုးပြီးချိန်မှာတော့ ညစာစားချိန်ကို ပျော်ရွှင်စွာ စားသောက်ကြသည်။
“သားဇော်…ပြန်တော့မှာလား”
“မပြန်သေးဘူး….အဖေ…
မနက်ဖြန်…မေတ္တာညပွဲသွားဦးမယ်…
သဘက်ခါမှပြန်မယ်”“ကောင်းပကွာ”
“မေတ္တာညပွဲဆိုတာ….ဘာလဲ…ဇော်ဂျီကြီး”
ရွှေလည်တိုင်က ပါးစပ်ထဲ ပလုပ်ပလောင်းနှင့် မေးသည်။
ထို့အခါ ဇော်ဂျီက ရေတစ်ခွက်ထည့်ကာ ရွှေတိုင်ရှေ့ချပေးပြီးနောက်
“ဒီအရပ်က …လူတွေအတွက်…
အရေးအကြီးဆုံး..မေတ္တာပေါင်းကူးချိန်လို့…
ပြောရမလားနော်…အဖေ”“အေးပေါ့…သားဇော်ရဲ့…အဲလိုပါပဲ”
ဦးနတ်လူရဲ့ ထောက်ခံခြင်းကိုရပြီးနောက် ဇော်ဂျီကစကားဆက်သည်။
“ကမ်းနားလမ်းတစ်လျှောက် ညနေစောင်းတာနဲ့ ဆိုင်တွေဖွင့်ကြတယ်…
ဒီအနီးအနားက….နေရာကလူတွေလည်း…
လာကြတယ်..အရမ်းပျော်ဖို့ကောင်းတာ”“အဲတာ…ပေါင်းကူးတာလား”
“နေပါဦး…ကြည်စင်ရဲ့ ပြောပါမယ်…..
ပျော်ပွဲရွှင်ပွဲတွေပြီး….ည၁၀နာရီဆိုတာနဲ့…မေတ္တာပေါင်းကူးချိန်ပဲ…
ကိုယ်သဘောကျနှစ်သက်တဲ့လူကို ….
ဖွင့်ပြောခွင့်ရှိတယ်….တစ်ဖက်က…
လက်ခံရင်တော့….နောက်နှစ်မတိုင်ခင်…
ပေါင်းဖက်ဖို့ကြိုးစားကြရတယ်…..
အကယ်၍ တစ်ဖက်ကငြင်းလိုက်ရင်…
နောက်နှစ် …မေတ္တာပေါင်းကူးပွဲမရောက်ခင်အထိ…
ထပ်ကြိုးစားခွင့်မရှိသလို….
အခြားတစ်ယောက်ကိုလည်း…
ပြောင်းကြိုက်လို့မရဘူး”
![](https://img.wattpad.com/cover/378456907-288-k436826.jpg)
YOU ARE READING
ကြယ်ရောင်စုံညီ...လင်းသောကြောင့်(Complete)
Tiểu Thuyết Chungချစ်ခဲ့ဖူးတယ် ချစ်နေသေးတယ် ဆက်ချစ်နေဦးမယ့် "ကြည်ပြာရေစင်" နဲ့ သူအနားကို ရုတ်တရပ်ရောက်ရှိလာတဲ့ "ဒေါ်မြတ်နှင်းဆီ" ငယ်ဘဝဖြစ်ရပ်ဆိုးတစ်ခုမှာ ဆုံတွေ့ခဲ့ရတဲ့ "ခင်ဇော်ဂျီ"နဲ့ "ဒေါက်တာကောင်းကင်တိမ်ယော်"တို့ရဲ့ အရွယ်ရောက်ပြန်လည်တွေ့ဆုံမှု သရဲကြောက်တတ်တဲ့ "ရွ...