အပိုင်း(42) Zawgi END

464 5 0
                                    

အိပ်တစ်ဝက်နိုးတစ်ဝက်အနေအထားမှာ ဘေးနားက အေးစက်စက်ခံစားမှုကြောင့် လက်လှမ်းကြည့်တော့ ဇော်အိပ်ယာထဲ မရှိတော့ပေ။

စိတ်ထဲ ဇော်ကလေး ဟင်းတွေချက်နေပြန်မလားလို့ တွေးမိပြန်သည်။ပိတ်ရက်လေးတော့ ကောင်းကောင်းမွန်မွန်အနားယူစေချင်ပါသည်လေ။

မနေ့က မေမေနှင့်ဖြစ်ခဲ့သော ကိစ္စမှာ သူမ မှန်တယ်လို့တော့ မထင်ပါ သို့သော် မှားလည်းမမှားပေ။

သူမတွင် ရှင်သန်ရာ အမှီဓာတ်မှာ ဇော်ကလေးသာရှိပါသည်။ထို့ကြောင့် ဇော်ပင်ပန်းမှာကို မမြင်ချင်ပါ။

ဇော်အိပ်ယာထသွားသည့်အခါ သူမကအိပ်ယာထဲနေခဲ့ရတာကို သဘောမကျလှပါ။အိပ်ယာပေါ်မှ ထ၍ အောက်ထပ်ကိုပင် ဆင်းလာခဲ့သည်။

လှေကားအရင်းရောက်တော့ တွေ့လိုက်ရသည် မြင်ကွင်းက ရင်ထဲ ထိတ်ခနဲဖြစ်သွားရသည်။

“ဇော်….ဇော်…ဘာဖြစ်တာလဲ”

ဧည့်ခန်း ဆိုဖာဘေး၌ အားအင်းမရှိ၊အရိုးမရှိတဲ့သူလို ထိုင်နေသည့် ခင်ဇော်ဂျီ နံဘေးသို့ ဝင်ထိုင်ရင်းမေးလိုက်သည်။

“ဇော်….ကြည့်ဦးလေ…ဘာဖြစ်တာလဲလို့….ဇော်ကလေး”

“မမ”

ခင်ဇော်ဂျီက ကောင်းကင်တိမ်ယော်ကို သေချာကြည့်လာသည်။

“ပြောလေ…ဇော်…ဘာဖြစ်လဲဟင်”

မျက်ဝန်းမှာလည်း မျက်ရည်နွေးနွေးသီးလို့ပင်။

“အမေက….အမေကလေ”

“မေမေကဘာပြောပြန်ပြီလဲ…ဇော်”

“အမေက…သဘောတူလိုက်ပြီ.”

“ဇော်…ဘာပြောလိုက်တယ်”

ခင်ဇော်ဂျီက ကောင်းကင်တိမ်ယော် ပုခုံးနှစ်ဖက်ကိုကိုင်၍

“ဇော်တို့ကို…အမေက…သဘောတူလိုက်ပြီလို့…မမရဲ့..
ဇော်ကို…ခုပဲ…ဖုန်းဆက်တာ….
ဇော်ပျော်လိုက်တာ…မမရယ်….
မမကို..ဇော်လက်ထပ်ခွင့်ရတော့မယ်”

“သေ…သေချာရဲ့လား..ဇော်ရယ်”

“သေချာပါတယ်…မမရယ်….
အမေကပြောတယ်…ဇော်တို့ကို..သဘောတူလိုက်ပြီမလို့…
မမကို..ခေါ်ပြီး..အမေဆီလာခဲ့ပါတဲ့”

ကြယ်ရောင်စုံညီ...လင်းသောကြောင့်(Complete)Where stories live. Discover now