တွယ်တာ၀ယ်ပေးထားသော ရေညှိစိမ်းရောင်၀မ်းဆက်လေးအား ၀တ်ကာ ဆံနွယ်လေးအားနှစ်ထပ်စည်း၍လှေကားမှ တစ်လှမ်းချင်းဆင်းလာသောသူမ၏အလှမှာ မြင်ရသူအဖို့ရင်သပ်ရှုမောဖွယ်။
"အဲ့လောက်မငေးနဲ့ မျက်လုံးကျွတ်ကျမယ်"
"မေကြီးကလဲ"
"ဘာကိုမေကြီးကလဲတာလည်း ကျုပ်ပြောတာမဟုတ်လို့လား"
"ဟီး ဟုတ်တယ်"
"အမလေး ဒါများမေကြီးကလည်းလုပ်နေတယ် ဖယ်ဖယ် ညည်းဟိုဘက်တိုး ငါ့ချွေးမလေးထိုင််ဖို့"
"အန်တီသူဇာ!!"
"ပြော ချွေးမလေး"
"ဟင်!!! အန်တီတို့ကပါ သိနေတယ်"
"ဟုတ်တယ်လေ မောင့်အမျိုးသမီးရယ်"
"မခေါ်နဲ့လူကြီးတွေရှေ့မှာ အဲ့နာမ်စားကြီး"
"ဟိုတစ်ခါတုန်းကကျဝောာ့ မောင့်မိန်းကလေးလို့ဘဲခေါ်ပါဆို"
"အင့်ဟယ် မရှက်တတ်အုံးး"
"အားး အားး!!!နာတယ်တီချယ်"
"တိုးတိုးနေ အဲ့လောက်နာတာမဟုတ်ဘူး အသံဗြဲနဲ့အော်မနေနဲ့"
"ဗိုက်ခေါက်လိမ်ဆွဲခံရတာ မနာဘဲနေမလားလို့"
တီချယ်လည်းတွယ်ဝာာ့အားမျက်စောင်းတစ်ချက်ထိုးကာ တစ်ဖက်သို့လှည့်သွားကာ
"အန်တီသမီးနဲ့တွယ်တာကိစ္စကို သိနေတာလားဟင်"
"သိနေတယ်လေ တီချယ်ရဲ့"
"ရှင့်ကိုမေးလား"
"ဟင်!!! မမေးဘူးလား"
"တို့မေးတာအန်တီကို"
"အော် ဟုတ်ဟုတ်"
"ဟားဟား တွယ်တာမောင်တို့များပွဲပြီးမီးသေဟေ့"
"မှန်း ငါ့သမီးများဟုတ်ရဲ့လား"
"ငါ့ညီမမှဟုတ်ရဲ့လား"
"ဟားဟားဟားး"
"ဖေကြီး၊မေကြီး၊ကိုကြီး၊ကိုငယ် မရီကြနဲ့!!"
"လူကြီးတွေကို သွားမမဲနဲ့"
"ဟုတ်"
"နောက်တစ်ခါလူကြီးတွေကိုပြန်ခံပြောတာမမြင်ချင်ဘူး"
"ဟုတ်"
"အေးးတွေ့မယ် တစ်ဟုတ်ဟုတ်နဲ့လူကိုလာရွဲ့နေတယ်"
"အားးနာတယ်လို့ တီချယ်ကလေ လူကိုအရမ်းနှိပ်စက်တာ ကျန်တဲ့သူတွေလည်းအတူတူဘဲ တော်ပြီ ကိုယ့်အခန်းထဲဘဲကိုသွားတော့မယ် မခေါ်ဘူး မခေါ်ဘူး ဘယ်သူ့ကိုမှမခေါ်ဘူး"
တွယ်တာမောင်လည်း စိတ်ကောက်၍ အခန်းထဲသို့သာ၀င်လာလေသည်။မိမိစိတ်ကောက်၍ထလာလျှင် လိုက်ချော့မည်ဟုထင်ထားသည်မှာတလွဲ။တီချယ်မှုံ့နံ့သာမှာ ထိုနေရာတွင်စကားပြော၍သာထိုင်ကျန်ခဲ့လေသည်။
"စိတ်ကောက်သွားပြီဟေ့ သမီးမေရေ အဲ့ကလေးမကနည်းနည်းတော့ဆိုးတယ် သည်းခံပေးပါအုံးသမီးရေ"
"ဟုတ်ကဲ့ အန်တီ ဟို ဟိုလေ...."
"ပြောလေသမီး"
"ဟို သမီးကိစ္စကိုအန်တီတို့သိနေတာလားဟင်"
"အော် အဲ့တာလား အန်တီတို့ကောသူ့အစ်ကိုတွေကိုကောကို သမီးတွယ်တာကအကုန်ပြောပြထားပြီးသားပါ"
"ရှင်!!"
"ဟုတ်ပါတယ် ကျွန်တော်တို့က အငယ်မ ဆရာမလေးကိုစပြီးသဘောကျတယ်ဆိုထဲက အငယ်မကပြောပြထားတာပါ"
"အော်.....ဟို ဆရာမလေးလို့မခေါ်ဘဲ ရင်းရင်းနှီးနှီး အမလို့ဘဲခေါ်ပါ"
"ဟုတ်ကဲ့ဗျ"
"အန်တီမိတ်ဆက်ပေးရအုံးမယ် ဒါကတွယ်တာအဖေ ဦးဇော်မြတ်အောင် တဲ့ ကိုဇော် ဒါ သမီးမှုံနံ့သာမေ"
"တွေ့ရတာ၀မ်းသာပါတယ် အန်ကယ်(လ်)"
"၀မ်းသာပါတယ် သမီးရေ သမီးကအလှလေးဘဲ သမီးနာမည်ကိုအိမ်ကသားအမိပြောပြောနေလို့ကြားဖူးတာကြာပြီ လူကတော့ခုမှဘဲမြင်ဖူးတော့တယ် သမီးလေးက ညိုချောလေးဘဲ"
"အန်ကယ်(လ်) ကတော့မြှောက်ပြီ"
"မမြှောက်ဘူး သမီးမေရေ ကိုဇော်ပြောတာမှန်တယ် ငါ့သမီးလေးကညိုချောလေး"
"ဟီးး အန်ကယ်(လ်) နဲ့ အန်တီ ကိုနောက်ကျရင်
မုန့်၀ယ်ကျွေးမယ်"
"ဟားးဟားး"
"သမီး အန်တီထပ်မိတ်ဆက်ပေးရအုံးမယ် ဒီဘက်ကအကြီးကောင်ထူးမောင် ဟိုဘက်ကတော့ အငယ်ကောင် ထူးအောင်"
"ဟုတ်တွေ့ရတာ၀မ်းသာပါတယ် ဒါနဲ့အမြွှာတွေလားဟင် အန်တီ"
"ဟုတ်ပ ၅ မိနစ်ဘဲခြားတဲ့အမြွှာညီအစ်ကိုတွေ"
"အော်အဲ့ကြောင့် မျက်နှာဆင်တာကို"
"ဟုတ်ပသမီးမေရေ ညီမထိဓားကြည့်တွေလေ"
"အော် ..... ချွဲစိန်ကိုတော်တော်ချစ်ကြတာပေါ့"
"ဟုတ်ပ တစ်အိမ်လုံးရဲ့သဲသဲလှုပ်လေ အဲ့ကြောင့်အဆိုးလေးဖြစ်နေတာ"
"ခုမှသတိရတယ်အန်တီ ဟိုတစ်ယောက် တကယ်စိတ်ကောက်သွားတာလား မသိဘူး"
"ဟုတ်မယ်သမီးမေ သွားလိုက်ချော့ချည်အုံး အဲ့လူဆိုးကလေးကို"
"ဟုတ် ဒါဆိုခွင့်ပြုပါအုံးနော် အန်ကယ်(လ်)နဲ့အန်တီ"
"အေးအေးသမီး"
YOU ARE READING
ကျောက်စိမ်းမြေမှ သံယောဇဉ် (Ongoing)
Любовные романыချစ်တယ် မောင့်အညိုရောင်လေး🤎 𝐁𝐚𝐬𝐞𝐝 𝐨𝐧 𝐚 𝐭𝐫𝐮𝐞 𝐬𝐭𝐨𝐫𝐲 ❤️🩹
