“မေ....မေ”
“.......”
“ကိုယ်လိုက်ပို့ပေးပါ့မယ်”
“မလိုဘူး ဇွဲ”
“လာပါ မေ ရယ် ကိုယ်လိုက်ပို့ပေးမယ်”
“မလိုက်ဘူးလို့ပြောနေတယ် ကျမလက်ကိုခုလွှတ်”
“လိုက်ခဲ့ပါ ကိုယ်လိုက်ပို့ပေးမယ်”
“ရှင်မူးနေပြီ ကိုယ့်လမ်းကိုယ်သွားပါ ဇွဲခန့်ငြားကို”
“မမူးပါဘူးး မေ ရဲ့ကိုယ်က မေ့ကို အိမ်ပြန်ပို့ပေးချင်လို့ပါ”
“မလိုဘူးလို့ပြောနေတယ်မလား ဖယ်လိုက်တော့လေ လွှတ်လိုက်လက်ကို”
“ဟင့်အင်း”
တစ်ယောက်ထဲထွက်လာမိတာမှားလေပြီလား ဟူသောအတွေး၀င်လာကာ မျက်ရည်များစီးကျလာမိသည်။ဇွဲမှာမူးနေသော်လည်း မေ့ မှာမိန်းကလေးတစ်ယောက်အားဖြစ်၍ ယောကျာ်းလေးတစ်ယောက်၏အားကိုမယှဉ်နိုင်။လက်အားရုန်းနေသော်လည်းမရ။လှုပ်မရအောင်ပင် ခပ်တင်းတင်းဆွဲထားလေသည်။ထို့နောက်ကားပေါ်သို့အတင်းဆွဲခေါ်နေလေသည်။
ဒီအချိန်တွင် အတောင့်တဆုံးအရာမှာ သူမ။ကျမ၏တစ်ဦးတည်းသောမျှော်လင့်ချက်လေး။ကျမအဝေးတစ်နေရာသို့ကြည့်မိရာ မီးရောင်ဖျော့ဖျော့လေးမြင်နေရသည်။ဆုတောင်းမိသည်မှာ သူမဖြစ်စေရန်။
ထိုမီးရောင်လေသည် ကျမတို့ရှိရာဆီသို့ ဦးတည်လာပြီး ကျမတို့နားတွင်ရပ်သွားလေသည်။ထို့နောက်ကားထဲမှ ပြာပြာသလဲဖြင့်ထွက်လာသူမှာ တွယ်တာမောင်။ကျမရဲ့မျှော်လင့်ချက်ရောင်ခြည်လေး။တော်ပါသေးတယ် ကျမရဲ့ဆုတောင်းပြည့်၀ခဲ့တယ်။
“တီချယ်”
“တွယ်ဝာာ အဟင့်”
“အကိုဇွဲခန့်ငြားကို တီချယ့်လက်ကိုလွှတ်လိုက်ပါ”
“အော် ဘယ်သူများလည်းလို့ မေ့ရဲ့ချစ်လှစွာသောတပည့်လေးဘဲ”
“တီချယ့် လက်ကိုလွှတ်လိုက်ပါ”
“မလွှတ်တော့ မင်းဘာဖြစ်ချင်လဲ”
“တီချယ့်လက်နာနေလောက်ပြီ လွှတ် ပေး ပါ”
ဟုတ်ပါတယ် ကျမ လက်အတော်နာနေပြီ။လပ်ကောက်၀တ်နေရာအား ခပ်တင်းတင်းဆုပ်ကိုင်ကာ အတင်းဆွဲခေါ်ထားသည့်အရှိန်ကြောင့် ကျမလက်ကောက်၀တ်နေရာမှာ ရဲတွတ်ကာ အတော်ပင်နာနေလေပြီ။
“မလွှတ်ဘူးး မေ့ကို ငါ အိမ်ပြန်လိုက်ပို့မှာ လာ”
“အ!!”
မျက်စိရှေ့တွင် မိမိချစ်ရသူမျက်ရည်ကျနေသည်အားမကြည့်ရက်။မိမိအား အသနားခံမျက်၀န်းလေးဖြင့်ကြည့်နေသောသူမ။ဆောင့်ဆွဲခေါ်ခံလိုက်ရသောအရှိန်ကြောင့် နာကျင်လွန်း၍နှုတ်ခမ်းပါးမှထွက်လာသော နာကျင်မှုအသံဟာ တွယ်တာမောင်၏ဒေါသကို ပို၍ အထွဋ်အထိပ်သို့ရောက်စေလေသည်။လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်၍
YOU ARE READING
ကျောက်စိမ်းမြေမှ သံယောဇဉ် (Ongoing)
Storie d'amoreချစ်တယ် မောင့်အညိုရောင်လေး🤎 𝐁𝐚𝐬𝐞𝐝 𝐨𝐧 𝐚 𝐭𝐫𝐮𝐞 𝐬𝐭𝐨𝐫𝐲 ❤️🩹
