Ep 1- တွေ့လေပြီ !!

23.2K 1.5K 19
                                    

အထုတ်အပိုးပေါင်း များစွာကို မနိုင်မနင်း အားကြိုးမာန်တက် သယ်လာသော ကောင်လေးတစ်ယောက် ~

လက်ထဲတွင် အထုပ်ကြီးတစ်ထုတ် , ခရီးဆောင်အိတ်က တစ်အိတ် , ဖောင်းကားနေသော ကျောပိုးအိတ်ကြီး တစ်လုံး ~
မသိရင် အိမ်ပြောင်းလာသလို ~

အဲ ..ဒါပေမယ့် အိမ်ပြောင်းလာတာတော့ မဟုတ်ဘူးရယ် ..

အိမ်က ထွက်ပြေးလာတယ် ဆိုပါတော့ ..

အိမ်ကထွက်ပြေးလာတာကို ဒီလောက်အထုတ်အပိုး စုံစုံလင်လင် အပြည့်အစုံ ယူလာနိုင်တာ နည်းတဲ့ အရည်အချင်းလား !!

Rapper တွေလို အင်္ကျီပွပွ ..ဘောင်းဘီပွပွ ..မျက်မှန်ကြီးတစ်လက်ကလည်း မျက်နှာလေးနဲ့ မလိုက်မဖက် မဟားတရားကြီး ~ ဒီကြားထဲ ဦးထုပ်ကနောက်ပြန်ဆောင်းထားသေး ..

ခန္ဓာကိုယ် သေးသေးလေးက အင်္ကျီပွပွထဲ မြုပ်နေပြီး တစ်ကိုယ်လုံး ၀တ်ထားလိုက်တဲ့ accessory တွေကလည်း ဖြိုးဖြိုး ဖြတ်ဖြတ်နဲ့ ~

တွေးသာကြည့်ကျတော့ ဘယ်လောက်များ မျက်စိနောက်စရာ ဖြစ်လိုက်မလဲ ဆိုတာ ~

ခွေးသာဆို သူ့အရင်ကိုက်တယ် ..

* ဟူးးးးးး မောထှာ နောက်ဆုံးတော့ ရောက်ပြီကွ *

အလုပ်ကြီး အကိုင်ကြီး လုပ်ခဲ့ရသလို အထုတ်မှန်သမျှကို အောက်ကို ဘုန်းခနဲချ .. အခန်းတံခါးဖွင့်ဖို့ သော့ရှာပုံတော် ဖွင့်ရပါတော့သည် ။

*ဘယ်နားထားမိပါ့လိမ့် *

ပါလာတဲ့ အထုတ် လေးထုတ်ကို ချပြီး တစ်ထုတ်ချင်းစီမွှေပြီး သော့ရှာလိုက်တာ နာရီဝက်လောက် ကြာမှပဲ သော့ထွက်လာတော့သည် ။

*အစုတ်ပလုတ် သော့စုတ် ငါရှာမတွေ့အောင် ပုန်းနေတယ် ဟွင့် >< *

သော့ကို နှုတ်ခမ်းလေး တစ်တောင်လောက်ဆူကာ ရန်တွေ့ပြီးသည့်နောက် အောင်မြင်စွာနဲ့ပဲ အခန်းထဲဝင်လာခဲ့တယ် ...။

"အားးးးးးးးး လွတ်လပ်ပြီ "

အခန်းထဲ ၀င်ဝင်ချင်းပဲ ခုန်ပေါက် သောင်းကျန်းရင်း ထအော်လိုက်သည် ။

အဲ ..ကျွန်တော်ကတော့ byun baek hyun !! အထက်တန်းအောင်ပြီးပြီ ။ အခုဘာလို့ ဒီကို ရောက်နေလဲဆိုတော့ အိမ်ကထွက်ပြေးလာတာ ။ အကြောင်းပြချက် ?? တက္ကသိုလ် မတက်ချင်လို့ >< * ..
တစ်ကယ်တော့ ကျွန်တော်ရဲ့အိမ်မက်က အဆိုတော် ..😁😁 အဲဒါကို အိမ်ကလူတွေက မဖြစ်နိုင်ဘူးလေး ဘာလေးနဲ့ စွပ်စွပ်စွဲစွဲ !! မလုပ်ခိုင်းဘူးလေ .. အဲတော့ ပြတ်ပြတ်ပဲ အိမ်ကဆင်းလာခဲ့တယ် ။ ဟွင့် မှတ်ရောလေ .. အထုတ်အပိုးသေချာ ထုတ်ပြီးတော့ကို ဆင်းလာတာ ဘာမှတ် >_< !! အခုတော့ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်လို့ရပြီ ..

❤❤My Cûtē Bõyfrïend//Completed//Opowieści tętniące życiem. Odkryj je teraz