Ep 20 - ခါးနာနေသော်ငြား ^_^

9.1K 748 27
                                    

" အ .. ချာတိတ် ဖြည်းဖြည်း .. နာတယ်ဆို T~T "

" ဟင့် .. အင့် "

တွေ့လား ? ဒီကလေးဟာ အငိုကိုသန်လွန်းတာပါ .. အခုလည်း ခါးနာနေတဲ့ ကျွန်တော့်ကို ဆေးလိမ်းပေးနေရင်း တရှူံ့ရှူံ့ ငိုနေပြန်ပြီ ။ ကျွန်တော် ငိုဖို့ကို မရတာပါဗျာ ..

" ချာတိတ်လေး ဘာလို့ငိုနေပြန်တာလဲကွာ ? "

မှောက်ရက်လှဲနေရာက ဖြည်းဖြည်းချင်းပက်လက်လှဲလိုက်ပြီး ခါးကိုကိုင်ကာ သတိဖြင့်ထရသည်ကလည်း တစ်ဒုက္ခ ..

ပရုတ်ဆီကို ကိုင်ထားရင်း နှာခေါင်းများနီရဲလာတဲ့အထိ တရှူံ့ရှူံ့ဖြစ်နေတဲ့ ချာတိတ်လေးရဲ့ ဆံပင်တွေကို ဆွဲဖွရင်း မေးလိုက်မိသည် ။

ခါးက နာနေပေမယ့်လည်း ချာတိတ်လေး ငိုနေပြန်တော့လည်း ကိုယ်နာတာတောင် ဘယ်ရောက်သွားမှန်းမသိ ။

" ပူလို့ .. "

" အင် .. "

ဘာပူလို့ ငိုတာပါလိမ့် ? မဟုတ်မှလွဲရော ဗိုက်များပူတာလား 😱😱😱 ..

" ပရုတ်ဆီနဲ့ မျက်လုံးပွတ်မိသွားတာ ပူလို့ "

ဪ .. O_o ငါ့နှယ်မှတ်သားလောက်ပါတယ် ။ နှူတ်ခမ်းကို ထော်ရင်း မကျေမနပ်နဲ့ ရှူံ့မဲ့ရင်း ပြောနေလိုက်တာ .. ကျွန်တော့်မျက်လုံးထဲတော့ ချာတိတ်လေးဟာ ဘယ်လိုနေနေချစ်ဖို့ကောင်းလွန်းနေတာ ..

ကျွန်တော်က ရပါတယ်ပြောတာကို လုပ်ပေးချင်ပါတယ်ဆိုပြီး အတင်း ပရုတ်ဆီဗူးကိုယူပြီး လိမ်းပေးနေတာ .. အခုတော့ပူပြီပေါ့ ..

" ကဲကဲ မငိုနဲ့တော့ .. အဲဒါကြောင့် ကိုယ်ပြောတာလေ ချာတိတ်ရယ် .. မလုပ်လည်း ရပါတယ်လို့ "

မျက်ရည်တွေ သုတ်ပေးရင်း ကြင်ကြင်နာနာဆိုတော့ ချာတိတ်လေးက ပိုတောင်ရှိုက်လာသလားလို့ ..

" အဟင့် baek baek ကြောင့် အင့် .. လူကြီးခါးနာသွားတာကို ဆေးလေးတော့ ဟင့် လိမ်းပေးချင်တာပေါ့ "

ကြည့်ပါဦး .. ဘယ်လောက်ချစ်ဖို့ကောင်းတဲ့ ကလေးလေးလဲဆိုတာ ..

" ဟုတ်ပါပြီဗျာ .. ကိုယ့်ရဲ့ ပါပီပေါက်လေးက ကိုယ့်ကိုဘယ်လောက်ချစ်လဲဆိုတာ သိပါတယ်ကွာ .. အရမ်းချစ်တယ် ကိုယ့်ရဲ့ချာတိတ်လေးကို "

❤❤My Cûtē Bõyfrïend//Completed//Where stories live. Discover now