Ep 28 - မသေတာကံကောင်း !!

8.1K 740 55
                                    

Yeol's pov ;

ဪ .. ဘယ်အချိန်ကတည်းက ပြတင်းပေါက် ဖွင့်ထားမှန်းမသိ .. လူက အေးခဲတော့မှာပဲနော် ။

ချမ်းနေပေမယ့်လည်း လူက မျက်လုံးမဖွင့်ချင်သေးတာမို့ ဟိုစမ်းဒီစမ်းနဲ့ စောင်ကို လိုက်ရှာမိသည် ။

~ စိတ်လေတယ် .. အဲ့စောင်ကလဲ ဘယ်ကမ္ဘာရောက်သွားလဲမသိ။

မထူးပါဘူးးး ခွေးပေါက်လေးကိုပဲ ဖက်အိပ်တော့မယ်ကွာ .. ကိုယ့်အတွေးလေးနဲ့အတူ ဘေးက လုံးလုံးလေးကို ဆွဲကာ မဟားတရား ဖက်လိုက်လေတော့ ..

~ အင် .. ဘာကြီးလဲ ပျော့စိစိကြီး ..

အိစိစိ အထိအတွေ့ကြောင့် မျက်လုံးကို မနည်းဖြဲကာ ဖွင့်ကြည့်လေတော့ ..

ဖက်ခေါင်းအုံးဟ .. နေစမ်းပါဦး ငါ့ချာတိတ်လေးရော ။

အဲ့တော့မှ အသည်းအသန်ထကာ ကုတင်အောက်ထဲ ၀င်ကြည့်လိုက် ကုန်းကုန်းကွကွနဲ့ ဟိုရှာဒီရှာလုပ်နေရပြန်သည် ။

" ချာတိတ်ရေ .. ဘယ်ရောက်သွားတာလဲလို့ !! "

နာရီကို လှမ်းကြည့်တော့ မနက် ၆ နာရီ ။

" ငါ့ကလေးလေးကို ပြန်ပေးများ ဆွဲသွားတာလား ? ငွေညစ်မလို့များ ကြံစည်နေကြတာလား ? "

တစ်ယောက်တည်း ဟိုပြေးဒီပြေးနဲ့ ရဲစခန်းပဲ အကြောင်းကြားရတော့မလို ဂနာမငြိမ်ဖြစ်နေတုန်း .. တစ်စုံတစ်ခုအား အတွေးပေါက်ကာ လိုက်ကာကို ဖွင့်ကြည့်မိသည့် တခဏ ..

ကျွန်တော်ဟာ ယင်အကောင် တစ်ရာ ၀င်ရလောက်တဲ့ အထိ ပါးစပ်အဟောင်းသား ဟကာ ထိုမြင်ကွင်းအား မျက်လုံးကျွတ်ကျ မတတ် ပြူးကြည့်နေမိသည် ။

~ ငါ သေတော့မှာလား !! သေတော့မှာမို့ ကယောင်ကတမ်းတွေ မြင်နေတာများလား !!

မျက်လုံးကို ခပ်ကြမ်းကြမ်း ဖိပွတ်ကာ ပြန်ကြည့်လည်း ထိုမြင်ကွင်းက ဒီအတိုင်း .. အခုချက်ချင်း ကင်မရာယူကာ မှတ်တမ်းတင်ပြီး ပြတိုက်တွင်ပင် ထည့်သိမ်းထားချင်စိတ် ပေါက်မိသည်အထိ ထိုမြင်ကွင်းက ကျွန်တော့်အား အံဩစေသည် ။

အံဩဆို .. ကျွန်တော်ပြောပြရင် အကုန်လုံးလည်း အံဩသွားကြမှာဗျ ။

❤❤My Cûtē Bõyfrïend//Completed//Where stories live. Discover now