Ep 10 - နားလည်မှု လွဲမှားခြင်း

10.4K 922 33
                                    

Yeol's pov ;

ကုမ္ပဏီကနေ ကျောင်းကို ဘယ်လိုပုံစံမောင်းလာခဲ့ပြီး ဘယ်လိုရောက်လာမှန်းတောင်မသိတော့ .. ကျောင်းပေါက်ဝမှာပဲ ကားကိုရပ်ထားခဲ့ပြီး ကျောင်းအုပ်ရုံးခန်းဆီ အသည်းအသန်ပြေးလာခဲ့လိုက်တယ် ။

ရုံးခန်းကို ၀င်လိုက်တာနဲ့ မြင်လိုက်ရတာက စိတ်မချမ်းသာစရာ .. နဂိုနီရဲနေတဲ့ ပန်းရောင်နှုတ်ခမ်းက ဒဏ်ရာကြောင့် သွေးစို့ကာပိုပြီးနီရဲလို့ .. ပါးပြင်နုနုလေးပေါ်က အညှိရောင်ဒဏ်ရာအချို့ .. မျက်ခုံးထောင့်စွန်းကနေ စီးကျနေတဲ့ သွေးစက်တွေကြောင့် ကျွန်တော့်စိတ်တွေ နာကျင်လာမိသည်။

ကလေးဆန်ပေမယ့် ချာတိတ်က စရိုက်ဆိုးတဲ့အထဲတော့ မပါပါ .. ဒီလို ဒဏ်ရာတွေရတဲ့အထိ ဘာကြောင့်များ ရန်ဖြစ်ကြတာပါလိမ့် ??

" chanyeol ရောက်လာပြီပဲ ဒီမှာထိုင်လိုက်ပါဦး "

"nae "

ကျွန်တော်လည်း ကျောင်းအုပ်ညွှန်ပြတဲ့ ထိုင်ခုံမှာ ၀င်ထိုင်လိုက်ပြီး ချာတိတ်ကို တစ်ချက်ကြည့်လိုက်တော့ ထူးဆန်းစွာပဲ ကျွန်တော်ရောက်နေတာ သိနေပေမယ့် ခေါင်းတစ်ချက်တောင် မော့မလာခဲ့ ..။

ကျွန်တော့်ကို ကြောက်နေလို့ပဲလား ?? ကျွန်တော်သက်ပြင်းတစ်ချက်ချလိုက်ကာ ကျောင်းအုပ်ကို စကားစလိုက်သည်။

" ဘယ်လိုဖြစ်တာလဲ ကျောင်းအုပ်ကြီး ? "

" အင်းး ဆရာတို့လည်း အကြောင်းကြားလို့ရန်ဖြစ်တဲ့နေရာ ရောက်သွားတော့ baekhyun နဲ့ သူ့သူငယ်ချင်းရယ် နောက်ရန်ဖြစ်နေတဲ့ ကောင်လေးနှစ်ယောက်ကို တွေ့တာပဲ .. သူ့သူငယ်ချင်း luhan ကတော့ အုပ်ထိန်းသူတွေ ပြန်လာခေါ်သွားပါပြီ .. "

" baekhyun နဲ့ ရန်ဖြစ်တဲ့ ကောင်လေးတွေရော ?"

"ဆေးရုံမှာ .."

"ဗျာ !! "

ကျွန်တော် အလန့်တကြားပဲ ချာတိတ်ကို လှည့်ကြည့်မိတယ် .. ချာတိတ်ကတော့ ခေါင်းငုံ့လျက်သား .. ဆေးရုံရောက်တဲ့အထိ ရန်ဖြစ်စရာအကြောင်းက ဘာတဲ့လဲ ?? ကျွန်တော် ဘာတစ်ခွန်းမှ မပြောနိုင်ဘဲ ထိတ်လန့်သွားတဲ့ စိတ်ကို မျက်လုံးကို အသာအယာမှိတ်ရင်း စိတ်လျော့ရန် ကြိုးစားလိုက်သည် ။

❤❤My Cûtē Bõyfrïend//Completed//Donde viven las historias. Descúbrelo ahora