" လူကြီး လာစမ်းပါဦး "
အဲ့ကလေးဟာလေ .. သူ မနေ့က တစ်ညလုံးသောင်းကျန်းခဲ့တာတောင် ဘယ်လိုမှ မနေဘူးလားမသိ ..
အခု သူ့မှာတော့ ခြေထောက်တွေညောင်းလို့ .. ချာတိတ်ကတော့ နိုးနိုးချင်းတော့ နာတယ်နာတယ် ဆိုပြီးအော်နေပြီးတော့ အခုတော့ သူမဟုတ်တဲ့အတိုင်း ..
အဲ့လိုမှန်းသိ .. မနေ့က ၂ round ထဲနဲ့ ရပ်လိုက်မှာမဟုတ်ဘူး .. သူ့မှာတော့ ချာတိတ်လေး မနက်ကျ အရမ်းနာနေမှာစိုးလို့ .. အသွေးအသားကတောင်းတနေသော်ငြား မကျေမနပ်နဲ့ စိတ်လျော့လိုက်ရတာ .. ဟွန်းး ><
.. အခုများတော့ အကောင်းအတိုင်း ..အဲ .. အခု ကျွန်တော်တို့ ရောက်နေတဲ့နေရာကတော့ suho noona ရဲ့ အိမ်ကို ရောက်နေတာရယ် .. Noona ကတော့ resort ကိစ္စကြောင့် အပြင်သွားနေတော့ အိမ်မှာမရှိ .. အဲတော့ အိမ်မှာ ကျွန်တော်တို့ နှစ်ယောက်ရယ် kai ရယ် .. Kyung soo ရယ်ပဲ ရှိကြတာ ..
Kyung soo ကတော့ suho ရဲ့ မောင်လေးအရင်းတစ်ယောက်လို ဖြစ်တာကြောင့် အိမ်ရဲ့ အောက်ထပ်မှာပဲ အခန်းတစ်ခုပေးပြီး နေခိုင်းထားတယ် ။
နေစမ်းပါဦး .. ချာတိတ်က kyung soo အခန်းထဲက ဘာကိစ္စချောင်းနေရတာလဲ ??
"လူကြီးးးးး .. "
"အားးးး သေပါပြီဗျာ !! "
အတွေးလွန်နေတုန်း .. ချောင်းနေတဲ့ ချာတိတ်က ဘယ်လိုပုံစံနဲ့ ကျွန်တော့်ဘေးနား ရောက်လာလဲမသိ .. နားရွက်ကို ဆွဲလိုက်တာကြောင့် အော်ရပြန်သည် ။ လက်သံပြောင်လွန်းလှသည်လေ ။
"ရှူး .. တိုးတိုး .. မအော်နဲ့ "
အင် .. သူပဲနာအောင်လုပ်ပြီး မအော်နဲ့ဆိုတော့ ငါက .. ကပြရမလား 😕😕
နှုတ်ခမ်းကို ဆူပြီး လက်ညှိုးနဲ့ ထောက်ပြီး တိုးတိုးနေဆိုတဲ့ ပုံစံလေး လုပ်လိုက်တာကြောင့် ကျွန်တော်ခဏတော့ ကြောင်သွားမိသည် ။
ဘာလား ??? မသိရင် ရာဇ၀တ်မှု
ကျူးလွန်တော့မယ့်လူလို .." လာခဲ့ .. "
တိုးတိုး တိုးတိုးနဲ့ အနားကိုကပ်ပြောပြီး လာခဲ့ဆိုပြီးလက်ကိုပြရင်း ကျွန်တော့်ကို kyung soo ရဲ့ အခန်းနားကို ခေါ်သွားတယ် ။ ဘာလုပ်ဖို့လဲ 😑😑 ??
YOU ARE READING
❤❤My Cûtē Bõyfrïend//Completed//
Romanceကမ္ဘာပေါ်မှာ အချစ်ဆုံးစုံတွဲတွေလို့ သတ်မှတ်ရလောက်တဲ့ အထိ ကျွန်တော်တို့ ချစ်ပါသည် ။ Sweet မှာပါ .. ပက်ပက်စက်စက် sweet မှာပါ .. သကြားကြိုက်သူများအတွက် .. ❤❤chanbaek yaoi ကမ္ဘာပေါ်မှာ အချစ်ဆုံးစုံတွဲတွေလို့ သတ်မှတ်ရလောက်တဲ့ အထိ ကျွန်တော်တို့ ချစ်ပါသည် ။ ...