Ep 26 - ပြန်ချစ်သွားကြပြီ ..

9.5K 788 81
                                    

Yeol's pov ;

ဘာလိုလိုနဲ့ ကျွန်တော် ဆေးရုံတက်ခဲ့တာ တစ်ပတ်တောင်ကြာသွားခဲ့ပြီ ။ လက်က ပတ်တီးကတော့ အခုထိ မဖြေရသေးပေမယ့် လူကတော့ အတော်လေး သက်သာနေခဲ့ပြီ ..

ချာတိတ်ကတော့ ကျွန်တော့်ဘေးက တစ်ဖ၀ါးမှမခွာ .. နေ့ရောညရော .. ကျွန်တော် အတင်းပြောမှသာ အိမ်ပြန်ပြီးခဏနားတတ်သည်။

အခုထိတော့ ချာတိတ်က ကျွန်တော်တို့ဖြစ်ခဲ့သည့်ကိစ္စကို အစလေးတောင် မဖော် .. ကျွန်တော် နေမကောင်းသေးလို့ စမပြောတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည် ။

ဒါပေမယ့် ကျွန်တော်ကတော့ အိမ်ပြန်ရောက်တာနဲ့ ချာတိတ်ကို တောင်းပန်မည် ။ ဒီလို တစ်ဇွတ်ထိုးလုပ်ခဲ့သည့်အတွက်ရော .. အလွယ်တကူ ထွက်သွားခွင့်ပေးလိုက်မိသည့် အတွက်ရော .. ချာတိတ်လေး ပါးစပ်မှ ခွင့်လွှတ်ပေးပါသည်ဆိုတဲ့ စကားမကြားရမချင်း ကျွန်တော် တောင်းပန်မည် ။

ချာတိတ်နဲ့ ဟိုးအရင်တုန်းကလို ပျော်စရာကောင်းတဲ့ အခြေအနေကို ပြန်ရောက်နိုင်အောင် ကိုယ်ကြိုးစားပါ့မယ် ။

" လူကြီး .. ဟောဟဲ ညနေကျရင် ဆေးရုံဆင်းရတော့မယ်တဲ့ .. "

ဘယ်လောက်တောင် ၀မ်းသာအားရ ပြေးလာသလဲမသိ ချွေးတွေနဲ့ မောလို့စကားတောင် ကောင်းကောင်းမပြောနိုင်တဲ့အထိ ..

ကျွန်တော်လည်း လှဲနေရမှ ထထိုင်လိုက်ပြီး မောနေတဲ့ကလေးလေးရဲ့ ပါးလေးကို အသာဆွဲလိမ်လိုက်ပြီး တစ်ချက်ပြုံးလိုက်ကာ ..

" အဲ့လောက်တောင် ပျော်နေတယ်ဟုတ်လား ? ကိုယ့်ကြောင့် ပင်ပန်းနေပြီမဟုတ်လား ? "

ကျွန်တော့်စကားကြောင့် မျက်နှာလေးက ချက်ချင်းညိုးနွမ်းသွားကာ သူ့ပါးလေးကိုကိုင်ထားတဲ့ ကျွန်တော့်လက်ကို သူ့လက်နဲ့ထပ်အုပ်လိုက်ပြီး ..

" မဟုတ်ပါဘူး .. ကျွန်တော့်ကြောင့် လူကြီးအခုလို ဒဏ်ရာရတာ မဟုတ်လား ? အားလုံး ကျွန်တော့်အမှားပဲကို .. ပင်ပန်းစရာလား ? "

ချစ်စရာ မျက်လုံးမှေးလေးထဲ ပုလဲလေးတွေခလာပြန်တော့ မဟုတ်တဲ့ ကိစ္စကို အစဖော်မိတဲ့ ကိုယ့်ကိုကိုယ် အပြစ်တင်ရပြန်သည် ။

❤❤My Cûtē Bõyfrïend//Completed//Hikayelerin yaşadığı yer. Şimdi keşfedin