Yeol's pov ;
ဟင့် .. ရက်စက်လွန်းတယ်ဗျာ ..
လေယာဉ်ပေါ်က ဆင်းလာတဲ့အထိ လူကို အဖက်မလုပ်သေးတာ .. အခုလည်းကြည့်လေ ..
ကျွန်တော်ကို ထားခဲ့ပြီး kai နဲ့ အရှေ့ကနေ ထွက်သွားတယ်လေ .. ဒီကလေးကိုတော့ ဒီအတိုင်း လွတ်ထားလို့တော့ မဖြစ်တော့ဘူးရယ် .." အာ .. ရောက်လာကြပြီလား ကျွန်တော့်ကို သူဌေးက လာကြိုဖို့လွတ်လိုက်တာပါ "
လေဆိပ်ထွက်ပေါက်က ထွက်လာတာနဲ့ ချစ်စရာကောင်းတဲ့ မျက်လုံးပြူးပြူးနဲ့ ကောင်လေးက အထုတ်တွေကို ဆွဲရင်း နှုတ်ဆက်လေရဲ့ ..
" ငါမင်းကို မမြင်ဖူးပါဘူး .. ငါ့အစ်မဆီမှာ ဘယ်အချိန်ကတည်းက လုပ်နေတာလဲ ? "
မသင်္ကာဖြစ်နေတဲ့ပုံစံနဲ့ ကောင်လေးကို စစ်ဆေးနေတဲ့ kai ..
" သိပ်မကြာသေးပါဘူး .. ကျွန်တော့်နာမည် kyung soo ပါ "
ပြုံးလိုက်တိုင်း အသဲပုံနှုတ်ခမ်းလေးပေါ်လာတဲ့ kyung soo က ခင်ဖို့ကောင်းမယ့်ပုံစံ ..
" ကဲပါ .. သွားကြတာပေါ့ ချာတိတ်လည်း နားချင်နေပြီမဟုတ်လား ? "
ချာတိတ်အနားကို ကပ်ရင်း မျက်နှာချိုသွေးလိုက်တော့ ရလာတာက နဂါးမျက်စောင်း ..
" ဟုတ်တယ် .. သွားကြတာပေါ့ သူဌေးလဲ စောင့်နေတာ "
Kyung soo က အထုပ်အချို့ကို သယ်ရင်း အရှေ့က ဦးဆောင်ပြီး ထွက်သွားတော့ ကျွန်တော်တို့ သုံးယောက်လည်း အနောက်က လိုက်လာခဲ့လိုက်ကြတယ် ..
" ကားပေါ်တက်ကြပါ "
Kyung soo ညွှန်ပြတဲ့ ကားလေးကို ကြည့်လိုက်တော့ ပေါင်မုန့်ကားလို လုံးလုံးလေး ..
အနောက်ခန်းမှာ အထုတ်တွေ ထည့်လိုက်ပြီး kyung soo ကတော့ ကားမောင်းတဲ့ ခေါင်းခန်းထဲ ၀င်ထိုင်လိုက်တယ် ..အဲ .. ဒီမှာ အကွက်ပဲ ..
ကျွန်တော်လည်း kai ကို အတင်းပဲ ခေါင်းခန်းထဲ တွန်းပို့လိုက်တယ် ..
" ဟေ့ရောင် .. ဘာဖြစ်လို့တွန်းနေတာလဲ ? "
" ဟာ စေတနာ မင်းလမ်းလျှောက်ရသက်သာအောင် တွန်းပေးတာလေကွာ .. ၀င် ၀င် "
ESTÁS LEYENDO
❤❤My Cûtē Bõyfrïend//Completed//
Romanceကမ္ဘာပေါ်မှာ အချစ်ဆုံးစုံတွဲတွေလို့ သတ်မှတ်ရလောက်တဲ့ အထိ ကျွန်တော်တို့ ချစ်ပါသည် ။ Sweet မှာပါ .. ပက်ပက်စက်စက် sweet မှာပါ .. သကြားကြိုက်သူများအတွက် .. ❤❤chanbaek yaoi ကမ္ဘာပေါ်မှာ အချစ်ဆုံးစုံတွဲတွေလို့ သတ်မှတ်ရလောက်တဲ့ အထိ ကျွန်တော်တို့ ချစ်ပါသည် ။ ...