Ep 3 - ဦးကတုံးနှင့် တွေ့ဆုံခြင်း !!

13.4K 1.3K 11
                                    

"တည့်တည့်ရပ်စမ်း !! "

ဒေါသထွက်လွန်းလို့ အော်လိုက်တဲ့ chanyeol ရဲ့ အသံကြောင့် baek ပုံစံလေး ခမျာ သနားစဖွယ် ~

ယခု ဖြစ်နေသော အခြေအနေအား ရှင်းပြရမည် ဆိုပါလျှင် ..

ထိုင်ခုံတွင် ခြေချိတ်ကာ စမတ်ကျကျ ထိုင်နေသော chanyeol ..သို့သော် yeol ရဲ့ မျက်နှာက ဒေါသအရှိန်ကြောင့် နားရွက်ဖျားက အစ နီရဲတက်နေပြီး မျက်လုံးများမှာလည်း မီးတောက်နေသလို ~

ထို မီးတောက်နေသော အမောင် Chanyeol ရဲ့ ရှေ့တွင်တော့ သနားစဖွယ် မတ်တပ်ရပ်နေသော baekhyun .. ကြောက်လွန်းလို့ ခြေထောက်များက တုန်ရီနေတာကြောင့် သူ့ခမျာ တည့်တည့်တောင် မရပ်နိုင်တော့ဘဲ ယိုင်တိယိုင်တိုင် ~

"ဘာပြဿ နာမှ မရှာပါနဲ့လို့ ပြောလိုက်တဲ့ စကားကို တိတိကျကျကို လိုက်နာတာပဲနော် .. Byun baekhyun shi .."

Chanyeol ရွဲ့ပြောလိုက်တော့ ခေါင်းငုံနေတဲ့ ပါပီလေးဆီက ငိုသံလေးထွက်လာတယ် ..

"အင့် .. အင့် .. ဟင့် .. ဟင့် "

"တိတ်စမ်း !! "

ပိတ်ဟောက်လိုက်တော့ သနားစဖွယ် အသေးလေး ခန္ဓာကိုယ်က ဆတ်ခနဲ တုန်သွားလေရဲ့ ~

"မှား ..ဟင့် .. မှားသွား ..အင့် ..မှားသွားပါတယ် အင့် "

အသံလေးက ငိုနေတာကြောင့် ပေါ်လိုက်ပျောက်လိုက်နဲ့ မပီမသ ..

"ဪ မှားသွားမှန်းတော့ သိတယ်ပေါ့ "

Chanyeol လက်ပိုက်ကာ baek မျက်နှာလေးကို သေချာ ပြူးကြည့်တော့ ..

"အင့် .. အင်း "

ငိုမဲ့မဲ့နဲ့ ရှူံမဲ့နေသော baek မျက်နှာကို ကြည့်ရင်း သူလည်း စိတ်မကောင်းပါချေ ။
သူချာတိတ်ကို မဆူချင်ပါ .. ဒါပေမယ့်လည်း မဆူရင် နောက်ပိုင်း အသက်ကြီးလာရင်တောင် အပြုအမှုတွေက ရင့်ကျက်မှာ မဟုတ် ~

"သွားထိုင်တော့ "

Chanyeol ပြောရင်း ဆိုဖာကို မေးငေါ့ပြလိုက်တော့ ကုပ်ကုပ်လေး သွားထိုင်လေသည်။
တော်ရုံဆို သူလည်း ဒေါသ မကြီးတတ်ပါ ..

ဒါပေမယ့် ကိုယ်တော် byun baekhyun သွားစမိသောလူမှာ တစ်ခြားမဟုတ် တစ်ခြားကုမ္ပဏီမှ သူတို့ ကုမ္ပဏီနဲ့ လုပ်ငန်းတူ ပူပေါင်းဖို့ ကိစ္စ လာရောက်ဆွေးနွေးသော ကိုယ်စားလှယ်ကြီး Lee Min Woo ကို ~

❤❤My Cûtē Bõyfrïend//Completed//Where stories live. Discover now