Ep 30 - ပြန်ပေးသမား

7.4K 725 76
                                    

" အခုရက်ပိုင်းအတွင်းမှာ ဆိုးလ်မြို့အတွင်းရှိ လူပြတ်သော နေရာများတွင် ဖြတ်သန်းသွားလာနေသူများအတွက် အထူးသတိထားရန် လိုအပ်နေပါပြီ .. လတ်တလောမှာ black youth ဆိုတဲ့ ပြန်ပေးအဖွဲ့တစ်ဖွဲ့ဟာ လူပြတ်သောနေရာတွင် တစ်ဦးတည်းသွားလာနေသော လူငယ်များအား ပြန်ပေးဆွဲကာ ငွေညစ်မှုများ .. လုယက်မှုများ .. သတ်ဖြတ်မှုများ ဖြစ်ပွားနေသဖြင့် ရဲများက .. "

Yeol's pov ;

လာလက်စ သတင်းကို စိတ်ပျက်စွာ ဆက်လက်နားမထောင်တော့ပဲ ပိတ်လိုက်မိသည် ။ အခုရက်ပိုင်း ပြန်ပေးဆွဲသတင်းတွေက တော်တော်ပဲ ဆိုးဝါးနေတာ ..

" ချာတိတ်လေးရေ .. ချာတိတ် !! ချာတိတ် !!!! "

ဧည့်ခန်းကနေ ဒီလောက်ဖင်ဖြဲမတတ်အော်နေတာတောင် ထူးသံသဲ့သဲ့လေး မကြားရ .. ငါနော် 😈

" ချာတိတ် !!!! "

အခန်းတံခါးဖွင့်လိုက်တော့ မောင်မင်းကြီးသားက ဘာလုပ်နေတယ်ထင်လဲ .. နားကြပ်တပ်ပြီး ဂိမ်းကို သည်းကြီးမည်းကြီး ဆော့နေတာဗျာ ..

" ချာတိတ် !!!!! "

" အာ .. ဘာလဲဗျာ .. Feel ကို ပြတ်တယ်တစ်ကယ်ပဲ !! "

နားကြပ်ကို ဆောင့်ကြီးအောင့်ကြီး ချွတ်လိုက်ပြီး နှုတ်ခမ်းထော်ကာ ရန်တွေ့နေလိုက်ပုံများ .. သူခိုးက လူပြန်ဟစ်တယ်ဆိုတာ အဲ့ဒါမျိုး ..

ပြောချင်တဲ့ စကားလေးတောင် ဘယ်ရောက်သွားမှန်းမသိ ..

" ဂိမ်းကစားကို ရပ်ခဲ့ပြီး ကျွန်တော်မျိုးဆီသို့ ခဏလောက် ကြွခဲ့ပါဦး ခမျာ "

ကုတင်ပေါ်ထိုင်ကာ မဲ့ရွဲ့ပြီး ခေါ်လိုက်တော့မှ တခိခိရယ်ရင်း ကျွန်တော့်ဘေး လာထိုင်တော့သည် ။

" ပြောစေ မောင်မင်း "

ခေါင်းကို မော့ လက်ကိုပိုက်ရင်း ပြောလိုက်ပုံက မသိရင် ဘုရင်လိုလို ..

" ချာတိတ်လေး .. ခုရက်ပိုင်း ပြန်ပေးဆွဲတာတွေ အရမ်းကို ခေတ်စားနေတာ .. ညဘက်တွေ အပြင်ထွက်တာကို ကိုယ်ခွင့်မပြုတော့ဘူးနော် "

အသံခပ်မာမာဖြင့် လိုက်နာအောင် ပြောဆိုဆုံးမရပြန်သည် ။ ပြောရတယ်ဆိုတာကလည်း တစ်ခြားမဟုတ် .. ဒီကလေးက ကျောင်းကိုအပြန် ဂိမ်းဆော့ချင်တယ်ဆိုပြီး ဂိမ်းဆိုင်တွေ ၀င်ဝင်ဆော့ .. ပြန်လာရင် ည ၈ နာရီ ၉ နာရီ .. ။

❤❤My Cûtē Bõyfrïend//Completed//Opowieści tętniące życiem. Odkryj je teraz