Ep 8 - ညစာငတ်လေသော ကြောင်ကြီး

13.2K 1K 9
                                    

" လူကြီးရေ !! လာပါဦး "

ကဲ .. ခေါ်ပြီလေ ..

အလုပ်က ပြန်ရောက်လို့ အင်္ကျီ လဲမယ်ဆိုပြီး ကြံခါရှိသေး .. ကြယ်သီးလေး တစ်လုံးတောင် မဖြုတ်ရသေးဘူး .. ဧည့်ခန်းကနေ အသံစာစာလေးနဲ့ အော်ခေါ်နေပြန်ပြီ .. ဘာများဖြစ်ပါလိမ့် ??

ဒီကလေးကလေ ချစ်တယ် လို့ဖွင့်ပြောပြီးကတည်းက ဆိုးလိုက်တာဆိုတာလေ ။
မနိုင်ဘူးရယ် .. တစ်မျိုးပြီး တစ်မျိုး မရိုးရဘူး ..

အင်းးး ချစ်တယ်ဆိုတော့လည်း အပြစ်မမြင်တော့ဘူးပေါ့လေ ..

ချာတိတ်ကလည်း ချစ်ရှာပါတယ် .. သူ့ခမျာ တုန်နေတာပဲ .. အဲ အတည်ပြောတယ်မထင်နဲ့နော် ရွဲ့တာ ><

လူကိုများ လူကြီး !! ဆိုပြီး အနိုင့်ကျင့်တာ .. ကျွန်တော့်ဘ၀က အဲလိုပါဗျာ T_T

"လူကြီး !!!! ဘာလုပ်နေတာလဲဆို !!! "

အီးးးး ပြဲနေအောင် အော်ပြီ .. ကိုယ်ကလည်းကိုယ် အတွေးကမ္ဘာထဲ ရေစုန်မျောနေတာ နည်းနည်းကြာသွားတယ် ။ ဟီးး ..

"လာပါပြီ ချာတိတ်ရယ် "

လဲဖို့ အင်္ကျီကို ကုတင်ပေါ်ချထားခဲ့ပြီ အသည်းတုံးလေးဆီသို့ သွားရတော့သည် ။ မဟုတ်ရင် ရွှေစိတ်တော် ကောက်တော်မူ လိမ့်မယ်ဗျ ။

ဧည့်ခန်းထဲ ထွက်သွားတော့ ဆိုဖာပေါ်ထိုင်ရင်း laptop ကို မျက်လုံးကျွတ်ထွက်မတက် ပြူးကြည့်နေလေရဲ့ .. အင်း ဘာများ အထူးအဆန်းတွေ့လို့ပါလိမ့် ??

"ဘာလို့ခေါ်တာလဲ ချာတိတ်ရဲ့ ? "

ချာတိတ်ဘေး ၀င်ထိုင်ရင်း ပခုံးပေါ် လက်ကလေးတင်ကာ ပါးလေးကို တစ်ချက်နမ်းရင်း မေးလိုက်တော့ အဲ .. လက်ကို ဖယ်ချတယ်ဗျာ .. ပြီးတော့ မျက်နှာကြီးကလည်း ဆူပုတ်လို့ ..

"ဒီမှာ လူကြီး !! လူကြီးကလေ ပြောတော့လည်း မကြိုက်ဘူး !! သိပ်ကို အသားယူချင်တာပဲ သိလား .. ဖက်ပဲဖက်နေတာပဲ .."

ဪ .. မှတ်သားစရာပါပဲဗျာ !! ဟင့် ချစ်လို့ ပခုံးလေး ဖက်မိတာများ အသားယူတယ်လေး ဘာလေးနဲ့ .. ဟိုဒင်းဟိုဟာ သာလုပ်မိရင် .. အမယ်ငီးး တွေးတောင်မတွေးဝံ့ဘူးရယ် ..နှုတ်ခမ်းကလည်း ဆူလို့ ကိုက်စားချင်လာပြီ ခွီးးးး စိတ်ထိန်း !! တော်ကြာ ကိုယ်ထိလက်ရောက် စော်ကားမှုနဲ့ ရဲစခန်း ရောက်နေဦးမယ် ဒင်းလေးက ပြောရတာ မဟုတ်ဘူးရယ် ..

❤❤My Cûtē Bõyfrïend//Completed//Nơi câu chuyện tồn tại. Hãy khám phá bây giờ