Ep 15 - ကြက်ဟင်းခါးသီး ဂျယ်လီ !!

10.4K 834 27
                                    

" ချာတိတ် !! စောင့်ဦးဆို "

ဂါး .. ငါနော် စိတ်ပေါက်ပေါက်နဲ့ အထုပ်တွေကို ချထားခဲ့ပြီး သွားလိုက်ရင်တော့ မကောင်းရှိတော့မယ် ..
ဘယ်နှယ့်ဗျာ .. Park Group ရဲ့ CEO .. လည်း ဒင်းလေးလက်ထဲရောက်မှ အထုတ်သယ် မာလီလုံးလုံးကိုဖြစ်ရော ..

" ပါပီစုတ် .. မျောက်လောင်းလေး .. ခွေးပုလေး !! ဂါးးး "

ဟုတ်ကဲ့ .. အခုကျွန်တော်ရဲ့ ပုံစံကိုသာ လာကြည့်ကြပါတော့ဗျာ .. လက်ထဲမှာလည်း ခရီးဆောင်အိတ်နှစ်လုံးကို တစ်ဖက်ဆီက ဆွဲထားရသေး .. ကျောဘက်မှာက ချာတိတ်ရဲ့ လွယ်အိတ်ကိုလည်း လွယ်ထားရသေးတယ် ..

မောထှာ သေတော့မလိုပဲ .. T_T ထုတ်လာသမျှ ရှိုးတွေလည်း အရေပျော်ကုန်ပြီ .. တစ်ကိုယ်လုံးလည်း ဖရိုဖရဲ .. ဆံပင်တွေလည်း ဖွလန်ကျဲနေလောက်ပြီ ထင်ပါရဲ့ဗျာ .. တစ်ကယ်ပါ .. အခုချိန် ကျွန်တော့်ကို လက်ညှိုးထိုးပြီး park chanyeol ပါလို့ ကျိန်ပြောရင် လူမပြောနဲ့ ခွေးတောင် မယုံလောက်ဘူး .. >_<

အဲ့ခေးစုတ်လေးက အခုဘယ်ရောက်နေတယ်ထင်လဲ .. ကျွန်တော့်ရှေ့ကနေ kai ရဲ့ လက်မောင်းကို ချိတ်ရင်း ကော့တော့ကော့တော့နဲ့ ဆင်မယဉ်သာ .. အဲ ဆင်ထီးယဉ်သာ လျှောက်နေလေရဲ့ ..

ဖြစ်ပုံက ဒီလို ။

ချာတိတ်လေးက ခရီးထွက်ချင်တယ်ဆိုတော့ ကျွန်တော်လည်း ဘယ်သွားရင်ကောင်းမလဲဆိုပြီး စဉ်းစားတာပေါ့ဗျာ .. နောက်ဆုံးတော့ ဘူဆန်ပဲ သွားမယ်ဆိုပြီး ဆုံးဖြတ်လိုက်တာပဲ .. ။

အဲဒီမှာ အကုသိုလ်အတုံးလိုက် အတစ်လိုက် ၀င်တော့တာပဲ .. ဘယ်သူရှိမလဲ .. Kai ပေါ့ ..
ခရီးထွက်ဖို့ အစီအစဉ်ဆွဲရအောင် ချာတိတ်ကို ရုံးခန်းခေါ် kai နဲ့ သုံးယောက်သား တိုင်ပင်နေတုန်း ..

" ဟာ .. ဘူဆန်မှာ ငါ့အစ်မရှိတယ်ကွ ငါလိုက်ပြီး စီစဉ်ပေးမယ်လေ .. "

အလိုက်ကမ်းဆိုးမသိတဲ့ကောင် .. လိုက်တောင် စီစဉ်ပေးမယ်ရှိသေး .. ကိုယ့်ဘာကို ချာတိတ်နဲ့ နှစ်ယောက်သား ဒန်တန့်တန်မလို့ပါဆို ..

" မလိုက် .. "

" လိုက်ခဲ့လေ kai hyung !! Hyung ပါရင် ပိုပျော်စရာကောင်းမှာ "

❤❤My Cûtē Bõyfrïend//Completed//Onde histórias criam vida. Descubra agora