Yeol's pov ;
" ဒီကလေး ဘယ်ရောက်နေပါလိမ့် ? "
မနက်နိုးလာတာနဲ့ ချာတိတ်ကို မတွေ့တော့တာကြောင့် စိတ်ပူစွာပဲ ရှာရပြန်ပါသည် ။
" အမယ်ငီးးးး ဟင့် ခြေထောက်နာတယ် "
မတ်တပ်ရပ်လိုက်တာနဲ့ မနေ့က ချာတိတ်လေး ကျေးဇူးကြောင့် ထိုင်ထ အခါ၁၀၀ လုပ်ထားရတဲ့ ခြေထောက်က အလိုက်သိစွာပဲ နာလာလေရဲ့ .. စိတ်ရှိလက်ရှိ အော်ငိုလိုက်ရရင်လည်း မကောင်းရှိတော့မယ် ..
ချာတိတ်ကိုလည်း တွေ့ချင်သေးတာကြောင့် ခြေထောက် ကွတကွတ နဲ့ပဲ လမ်းလျှောက်လာခဲ့လိုက်တော့တယ် ..
ဟင့် ငါ့ဘ၀ကလည်း သနားစရာ .. ဘေးမှာ တွဲပေးမယ့် အဖော်ကလည်းမရှိ .. ချစ်လှစွာသော သူငယ်ချင်းကလည်း ဘယ်အလေလိုက်နေမှန်း မသိ .. T_T
ပင်လယ်ရဲ့ အလှလည်း မခံစားနိုင် .. သစ်ပင်ပန်းမန်တွေရဲ့ ရှူခင်းတွေလည်း မျက်လုံးထဲ မ၀င် .. စိတ်ထဲမှာတော့ ကွနေတဲ့ ခြေထောက်ကြောင့် နာနေတာသာ ရှိသည်လေ ..
လမ်းလျှောက်လိုက်တိုင်း စမတ်ကျလွန်းစွာ ကွနေတဲ့ ခြေထောက်ကြောင့် ကားယားကားယားဖြစ်နေတဲ့ ကျွန်တော့်ပုံစံက ရုပ်ပျက်ဆင်းပျက် .. 😑😑
" မေမေ .. အဲ့ရာ မျောက်ကြီးရား .. ( အဲဒါ မျောက်ကြီးလား )
လမ်းလျှောက်နေတုန်း အရှေ့ကနေ လျှောက်လာတဲ့ သားအမိ နှစ်ယောက် .. အစကတော့ အကောင်း .. လက်တောက်လောက် ရှိသေးတဲ့ ကလေးပိစိလေးက ကျွန်တော့်ကို လက်ညှိုးထိုးရင်း ပြောလိုက်မှပဲ .. တစ်ကိုယ်လုံး အမွှေးတွေတောင် ရှည်လာသလို .. ><
" အယ် .. အဲလို မပြောရဘူးလေ .. "
ကလေး အမေကတော့ အားနာနေဟန် ..
" အဲတာဆို အဲ့လူကြီးက မျောက်တွေလို ဘာရို့ ကွနေတာရဲဟင် ? "
အဲ့လောက်သိချင်ရင် မင်းအဖေ မင်းအမေနဲ့ ဟိုဒင်းလုပ်ပြီးရင် မင်းအဖေ ဘယ်လိုဖြစ်သွားသလဲဆိုတာသာ လိုက်ကြည့်ပါတော့ လဒလေးရယ် ><
မျက်နှာကို ရှူံမဲ့ရင်း အဲ့ပိစိကိုသာ စိတ်ထဲက မျိုးစုံ မကျေနပ်ချက်တွေ ပွင့်ဟနေတော့သည် ။ omma ရေ .. သားအဖြစ်ကို လာကြည့်လှည့်ပါဦးးးး 😭😭😭
YOU ARE READING
❤❤My Cûtē Bõyfrïend//Completed//
Romanceကမ္ဘာပေါ်မှာ အချစ်ဆုံးစုံတွဲတွေလို့ သတ်မှတ်ရလောက်တဲ့ အထိ ကျွန်တော်တို့ ချစ်ပါသည် ။ Sweet မှာပါ .. ပက်ပက်စက်စက် sweet မှာပါ .. သကြားကြိုက်သူများအတွက် .. ❤❤chanbaek yaoi ကမ္ဘာပေါ်မှာ အချစ်ဆုံးစုံတွဲတွေလို့ သတ်မှတ်ရလောက်တဲ့ အထိ ကျွန်တော်တို့ ချစ်ပါသည် ။ ...