Ep 7 - နူးညံ့သော ဖွင့်ဟ၀န်ခံမှု

12.7K 1.1K 9
                                    

Baek 's pov ;

နံရံပေါ်ရှိ အပြာရောင် နာရီ၏လက်တံလေးကို လှည့်ကြည့်နေမိတာ ဘယ်နှစ်ခေါက်လောက် ရှိနေပြီလဲတောင် ရေတွက်မရတော့ .. ။

၉ နာရီတိတိကို ညွှန်ပြနေပြီ ဖြစ်တဲ့ နာရီလေးကြောင့် ပူပန်စိတ်တွေက ထိန်းမရ သိန်းမရ ..

ထိုင်မရ ထမရ မီးခဲဖင်ခု ထိုင်ထားတယ်လို့ပဲ ပြောကြမလား မသိ ။

ပြောလည်း ပြောကြပါစေတော့ ..။

ပုံမှန်ဆို ၇ နာရီလောက်ဆို လူကြီးက အိမ်ပြန်ရောက်နေကြ ..

အခုတော့ ၉ နာရီထိုးတာတောင် ပြန်မလာသေးတော့ စိတ်မပူပဲ နေနိုင်ရိုးလား ?

"ဟင့် လူကြီးရယ် ပြန်လာပါတော့ "

အပြင်ဘက်တွင် အမှောင်ထုက တစ်ဖြည်းဖြည်းလွှမ်းခြုံလာတော့ ကြောက်စိတ်က တစ်ရိပ်ရိပ် ..

ငိုလည်း ငိုချင်လာပြီ ။
ကြောက်လည်း ကြောက်လာပြီ ။

"ဖုန်းဆက်ကြည့်မှ "

နံဘေးမှာ ချထားတဲ့ ဖုန်းလေးကို ကောက်ကိုင်ကာ လူကြီးဆီကို ဖုန်းခေါ်လိုက်တော့ တတီတီသာ မြည်နေသော ဖုန်းလေးက ကိုင်မည့်သူမဲ့လို့ ..

"ဟင့် လူကြီးရယ် ဖုန်းကိုင်ပါလို့ "

ဖုန်းကိုင်မယ့်လူ မရှိမှန်း သိနေပေမယ့်လည်း ဇွဲမလျော့ဘဲခေါ်နေမိဆဲ ..

"ဟုတ်ပြီ သွားရှာရမယ် "

ဒီတိုင်းထိုင်နေလို့လဲ ဘာမှမထူးနိုင်တာကြောင့် လူကြီးရဲ့ အလုပ်ထဲကို လိုက်သွားဖို့ပဲ ဆုံးဖြတ်လိုက်တယ် ..။

ဆွယ်တာ အနီရောင်လေးကို ကောက်ဝတ်လိုက်ပြီး ဂျင်းဘောင်းဘီလေး လဲကာ ရှာပုံတော်ဖွင့်တဲ့ လုပ်ငန်း စလိုက်ပါတော့သည် ။

............❤❤❤............

Yeol's pov ;

ဒီနေ့ ကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံသူ အသစ်တွေ ၀င်လာတာကြောင့် ရှူပ်လိုက်တဲ့ အလုပ်တွေဆိုတာ .. တစ်နေ့လုံး လုံးဝ မနားရသေး ..

Project အသစ်တွေဆွဲ ..
အစည်းအဝေးတွေကလည်း ဆက်တိုက် ..

Kai နဲ့ နှစ်ယောက် ခေါင်းချင်းဆိုင်ပြီး လုပ်နေရတာလည်း ဦးနှောက်က မီးခိုးတွေတောင် ထွက်လာတော့မလားမသိ ..

❤❤My Cûtē Bõyfrïend//Completed//Où les histoires vivent. Découvrez maintenant