ကဲ .. ကတိ အတိုင်း update လုပ်လိုက်ပါပြီနော် ..😁😁
•°•°•°•°
Baek's pov;
" တွေ့ရတာဝမ်းသာပါတယ် .. Byun baekhyun လို့ခေါ်ပါတယ် "
" ကဲ သားလေး luhan ဘေးမှာသွားထိုင်လိုက်နော် "
ဆရာမညွှန်ပြတဲ့ နေရာကို သွားထိုင်ပြီး ဘေးမှာရှိတဲ့ သမင်မျက်လုံးနဲ့ ချစ်စရာကောင်လေးကို စကားသွားပြောလိုက်တယ် ..
" ငါ့နာမည် byun baekhyun ပါ "
" အင်း ငါ့နာမည် xiao luhan "
ကမ်းထားတဲ့ ကျွန်တော့်လက်ကို ပြန်ပြီးလက်ဆွဲနှုတ်ဆက်လာတဲ့ luhan ရဲ့ အပြုံးက နှစ်လိုဖွယ်ကောင်းလွန်းလှတယ် ..
စာသင်ချိန်တစ်လျှောက်လုံးလည်း ဆရာ မသိအောင် ခိုးပြီး စကားပြောရတာကလည်း တော်တော်ပျော်ဖို့ကောင်းသလို ..
ဒီနေ့မှ တွေ့ရတာဆိုပေမယ့် ခင်ဖို့ကောင်းတဲ့ luhan ကြောင့် ငယ်ပေါင်းကြီးဖော်တစ်ယောက်လို စလိုက်နောက်လိုက် .. သူလည်း vocal major ဖြစ်တာကြောင့် ပိုတောင် ပျော်မိသေးတယ် ..
အမြဲ အတန်းမကွဲဘဲနေရတော့မယ်လေ ..
" library သွားမယ်လေ .. သွားရအောင် "
နားချိန်ရောက်လို့ ကန်တင်းမှာ စားသောက်ပြီးတာနဲ့ luhan က စာကြည့်တိုက်သွားဖို့ခေါ်တာကြောင့် ကျွန်တော်လည်ယ တစ်ခါမှ မရောက်ဖူးတာကြောင့် luhan နောက် လိုက်သွားလိုက်သည်။
ကျွန်တော်တို့ အဆောင်နဲ့ စာကြည့်တိုက်က နည်းနည်းတော့ လှမ်းတယ်ဆိုရမယ် .. ကျောင်းအလယ်မကျတကျတွင် ရေအိုင်တစ်ခုရှိပြီး ကျွန်တော်တို့အဆောက်နဲ့ library က အဲဒီရေကန်ရဲ့ တစ်ဖက်တစ်ချက်မှာ ..
ကျွန်တော်နဲ့ luhan လည်း စကားတစ်ပြောပြောနဲ့ လမ်းလျှောက်လာပြီး ရေအိုင်နားက ထိုင်ခုံနားအရောက် ကျွန်တော့်ရဲ့ ခြေလှမ်းတွေရပ်တန့်သွားရသည် ။
" ဟေ့ကောင် မင်း ဒီနေ့ ကျောင်းသားသစ်နဲ့ အတူပါလာတဲ့ ဘဲကြီးကို တွေ့လိုက်လား ?? "
" အာ baekhyun ဆိုလား ဖြူ ဖြူ သေးသေးလေးကို ကျောင်းလာအပ်တဲ့ တစ်ယောက်လား ?? "

ČTEŠ
❤❤My Cûtē Bõyfrïend//Completed//
Romanceကမ္ဘာပေါ်မှာ အချစ်ဆုံးစုံတွဲတွေလို့ သတ်မှတ်ရလောက်တဲ့ အထိ ကျွန်တော်တို့ ချစ်ပါသည် ။ Sweet မှာပါ .. ပက်ပက်စက်စက် sweet မှာပါ .. သကြားကြိုက်သူများအတွက် .. ❤❤chanbaek yaoi ကမ္ဘာပေါ်မှာ အချစ်ဆုံးစုံတွဲတွေလို့ သတ်မှတ်ရလောက်တဲ့ အထိ ကျွန်တော်တို့ ချစ်ပါသည် ။ ...