Ep 24 - Die ??

8.9K 872 151
                                    

Baek's pov ;

" ဟင့် .. အင့် .. အင့် "

လက်မှာ ပတ်ထားတဲ့နာရီကို ကြည့်လိုက်တော့ ည ၁၁ နာရီ ..

တစ်ယောက်တည်း ထိုင်ငိုနေတာ ဒီအချိန်တောင် ရှိသွားပြီတဲ့လား ? ဟင့် .. အလကားလူကြီး ။ လူယုတ်မာကြီး ။ ဘယ်မှသွားစရာ မရှိမှန်း သိရဲ့သားနဲ့ လိုက်လာပြီးတောင် ခေါ်ဖော်မရ ။

ကျစ် .. Byun baekhyun စိတ်ကူးယှဉ်နေလိုက်တာ ။ တစ်ခြားမိန်းမကိုတောင် အိမ်ပေါ်ခေါ်တင်တော့မယ့်လူက မင်း ထွက်သွားတာကို လိုက်ခေါ်မှာတဲ့လား ။ အရှူပ်ထုတ် မရှိတော့ဘူးဆိုပြီး ပျော်လွန်းလို့ ထတောင်ကနေမလား မသိ ။

" အင့် .. ဟင့် "

အဲ့လိုအတွေးမျိုးတွေးမိပြန်တော့လည်း ရင်ဘတ်တစ်ခုလုံးက စုတ်ဖြဲထားသလို .. ရက်စက်လွန်းလိုက်တာ ။ ချစ်ပါတယ် .. အမြဲတမ်း အနားမှာရှိပေးပါ့မယ် ဆိုတဲ့ လျှာရိုးမရှိ လျှောက်ပြောတဲ့ စကားတွေယုံရင်း ဘ၀တစ်ခုလုံးကိုတောင် ပေးခဲ့တာ ကျွန်တော် သိပ်တုံးလွန်းတယ် မဟုတ်လား ။

နောက်ကများ လိုက်လာလေမလား ။ ပြန်ခေါ်လေမလားလို့ မျှော်လင့်မိပေမယ့် တစ်ကယ်တမ်းတော့ အရိပ်အယောင်လေးတောင် မမြင်ရ ။ ဟက် ..

ကျွန်တော် အခုဘယ်ရောက်နေသလဲ ? ဟင့်အင်း ။ ကိုယ့်ကိုကိုယ်တောင် မသိဘူး ။ ငိုရင်းနဲ့ ခြေဦးတည့်ရာ လျှောက်သွားခဲ့တာ ။ ပန်းခြံတစ်ခုတွေ့တာနဲ့ ငုတ်တုတ်လေးထိုင်ရင်း အထုတ်လေးကိုချကာ ငိုနေမိတာလေ ။

နောက်ဆုံးတော့ ကျွန်တော့်ဘေး တစ်ယောက်တောင် ရှိမနေခဲ့ဘူးပဲ ။ Luhan !! ဟုတ်သား ။ Luhan ဆီ ဖုန်းဆက်ကြည့်မှ ။

ဖုန်းကို ဖွင့်လိုက်တာနဲ့ miss call တွေက ပလူပျံလို့ .. ရဲရဲတောက်နေပြီ ။ message တွေကလည်း မနည်းမနော ..

*ချာတိတ် .. ကိုယ့်ကို ရှင်းပြခွင့်လေး ပေးပါဦးကွာ*

*ချာတိတ် .. အခု ဘယ်မှာလဲဟင်*

*ဘယ်မှလဲ သွားစရာမရှိပဲနဲ့ကွာ*

*ကျေးဇူးပြုပြီး ကိုယ့်ဖုန်းကိုကိုင်ပေးပါ*

*ဘာတွေဖြစ်ခဲ့လဲဆိုတာ ကိုယ့်ကိုပြောပြပါလား*

*ကိုယ် ချာတိတ်ကို သိပ်ချစ်တာ မယုံဘူးလားကွာ*

❤❤My Cûtē Bõyfrïend//Completed//Donde viven las historias. Descúbrelo ahora