"ထတော့ ချာတိတ် "
ကျွန်တော်နိုးလိုက်တော့ မျက်လုံးပြူး မျက်ဆံပြူးလေးနဲ့ ဆိုဖာပေါ်က အသည်းအသန် ထလာတဲ့ byun baek ..
ပုံစံက အခုထိ ကျွန်တော့်ကို အကြောက်မပြေသေးတဲ့ပုံ ~
"တောင်း ..တောင်းပန် ..ပါတယ် "
ခေါင်းလေးကို ငုံ့ကာ မျက်နှာငယ်လေးနဲ့ ပြောနေတဲ့ ချာတိတ်ကို ကျွန်တော်က စိတ်ဆိုးနိုင်မှာတဲ့လားဗျာ ..
ဒါပေမယ့်လည်း နည်းနည်းတော့ ဖြဲခြောက်ရဦးမယ် မဟုတ်ပါလား ..
"အိမ်ပြန်မယ် "
ကျွန်တော် အသံခပ်မာမာနဲ့ ပြောလိုက်တော့ ချာတိတ်လေးက ကြောက်ကြောက်လန့်လန့်နဲ့ ခေါင်းငြိမ့်လေရဲ့ ..
"ငါလာခဲ့မယ် အပြင်မှာ ခဏစောင့် "
"nae .."
နှုတ်ခမ်းကို စူကာ ခြေဆောင့်ပြီး ထွက်သွားတဲ့ ချာတိတ်လေးက သိပ်ကို ချစ်ဖို့ကောင်းနေတာကြောင့် ကျွန်တော် ပါးချိုင့်ပေါ်လောက်အောင် နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်မိတယ် ..
*ချာတိတ်ရဲ့ နှုတ်ခမ်းလေးက candy လေးလို အရမ်းချိုလွန်းတယ် *
နှုတ်ခမ်းကို ကိုင်ပြီး တစ်ယောက်တည်း ရယ်နေမိတာ အရူးလို့များ ထင်ကြမလား မသိ ..
နှုတ်ခမ်းပါးလေးက ပေးတဲ့ ချိုမြိန်မှုကို ကျွန်တော် ဘယ်လိုမှ မေ့နိုင်တော့မှာ မဟုတ်ပါဘူး ။
*~*~*
အပြင်ကို ထွက်သွားဆိုလို့ ထွက်လာတာ ကြာလှပြီ ..
အဲ့လူကြီး ဘာလုပ်နေမှန်းကို မသိ ..ဟင့် လူကိုလည်း ဆူလိုက်တာ လွန်ရော ။
မျက်နှာကြီးကိုလည်း တင်းထားလိုက်တာ လူသတ်တော့မယ် အတိုင်း ~
ပျင်းလို့ နည်းနည်းလေး စလိုက်မိတာကို ဒီလောက်ဆူစရာလားလို့ ..
*ဂါးးးးးးးး ကိုက်စားလိုက်ချင်တယ် 😬😬😬 တစ်နေ့ ငါ Idol ဖြစ်မှ အဲ့လူကြီးရဲ့ အဆူခံရတဲ့ အကြောင်းကို အင်တာဗျူးတွေမှာ အကုန်ပြောပစ်မယ် ဘာမှတ် >< ဟွင့် *
BẠN ĐANG ĐỌC
❤❤My Cûtē Bõyfrïend//Completed//
Lãng mạnကမ္ဘာပေါ်မှာ အချစ်ဆုံးစုံတွဲတွေလို့ သတ်မှတ်ရလောက်တဲ့ အထိ ကျွန်တော်တို့ ချစ်ပါသည် ။ Sweet မှာပါ .. ပက်ပက်စက်စက် sweet မှာပါ .. သကြားကြိုက်သူများအတွက် .. ❤❤chanbaek yaoi ကမ္ဘာပေါ်မှာ အချစ်ဆုံးစုံတွဲတွေလို့ သတ်မှတ်ရလောက်တဲ့ အထိ ကျွန်တော်တို့ ချစ်ပါသည် ။ ...