Ep 32 - ကန့်ကွက်သူ (Final Part I)

8K 679 47
                                    

Yeol's pov ;

အိပ်ချင်မူးတူးဖြင့် လူက ဟိုလှိမ့်ဒီလှိမ့် .. အေးလည်းအေးတာကြောင့် ဘေးနားက လူသားဖက်လုံးလေးကို ပွေ့ဖက်ဖို့ မျက်စိကို ပိတ်လျက်သား လက်ဖြင့်စမ်းမိတော့ ..

" ကလေး ဘယ်ရောက်သွားတာလဲ ? "

ဘေးနားက အေးစက်စက်အထိအတွေ့ကြောင့် မျက်စိတွေက alarm ပေးထားသလို ပွင့်လာတော့သည် ။ နာရီကို လှမ်းကြည့်တော့ ည ၃ နာရီ .. ။

" ဒီအချိန်ကြီး ဘယ်သွားပြန်တာတုန်း ? "

အိပ်ရာပေါ်မှ ဆင်းကာ ထိုကလေးလေးအား လိုက်ရှာရပြန်သည် ။

" အင့် ဟင့် "

ငိုသံသေးသေးလေးကို ကြားလိုက်ရသလိုရှိတာကြောင့် နားစွင့်ကာ နားထောင်မိတော့ ၀ရံတာဖက်က ..

" ဟင် !! "

အသံလာရာအတိုင်း ၀ရံတာဖက်ရောက်တော့ နောက်ကျောပေးထားသော ချာတိတ်လေးရဲ့ ကျောပြင်က တစ်ချက်တစ်ချက် တုန်ရီလို့ .. ။

" ချာတိတ် !! "

" လူကြီး !!? "

ကျွန်တော် လှမ်းခေါ်တော့ အနည်းငယ်နီရဲနေတဲ့ မျက်လုံးအစုံဖြင့် လှမ်းကြည့်ကာ အံဩနေပုံ .. ကျွန်တော် မြင်မှာစိုး၍ပဲလား .. မျက်ရည်များကို အသည်းအသန်သုတ်နေလေရဲ့ ..

" ဘာစိတ်ညစ်စရာရှိလို့လဲ ? ကိုယ့်ကိုပြောပြလေ ချာတိတ်လေးရဲ့ .. "

ချာတိတ်လေးအနား တိုးကပ်သွားရင်း ငုံ့ထားသော မျက်နှာလေးကို အသာပင့်တင့်ရင်း ချော့မော့ကာ မေးမိသည် ။ ထိုကလေးလေး ငိုနေသည်ကို မလိုလားဆုံးသူဟာ ကျွန်တော်ပဲ မဟုတ်လား ?

" သတိရလို့ .. အင့် "

" ဘယ်သူ့ကိုလဲ ချာတိတ်လေးရဲ့ "

" Omma နဲ့ Appa ကို အင့် ဟင့် "

ဪ .. ဒီကလေးလေး အိမ်ကို လွမ်းနေတာကိုး .. ။

ပြောရင်း ကျွန်တော့်ရင်ခွင်ထဲ ခွေးပေါက်လေးလို တအီအီဖြစ်နေသော ကလေးလေးကြောင့် ကျွန်တော်လည်း စိတ်မကောင်း .. ။ ခွဲနေရတာ အတော်ကြာနေပြီဆိုတော့ သူလည်း လွမ်းရှာမပေါ့ .. ။

" သွားတွေ့ကြမလား ? "

ရင်ခွင်ထဲမှ တိုးထွက်ကာ ကျွန်တော့်ကို မော့ကြည့်နေသော ချာတိတ်လေးရဲ့ မျက်ဝန်းများက ကြောက်လန့်ရိပ်များ ထင်ဟပ်လို့ ..

❤❤My Cûtē Bõyfrïend//Completed//Where stories live. Discover now